Part 22

1.1K 164 6
                                    

#Unicode

Chaeyoungမှာ ထမင်းစားခန်းထဲက ထွက်လာပြီးနောက် သူမ စိတ်ညစ်ရင် အမြဲ သွားလေ့ရှိတဲ့ စာကြည့်ခန်းထဲတွင် ငိုနေရင်း အိပ်ပျော်သွားသည်

Lisaမှာ ထောင်ထဲတွင် စာဖတ်နေရင်း ဘုရင်က သူမကိုတွေ့ချင်တယ်လို့ Nineက ပြောသောကြောင့် စိတ်လှုပ်ရှားနေသည်

Nineခေါ်ရာနောက် လိုက်သွားရင်း ရုံးခန်းထဲက ဘုရင်နဲ့ စကားပြောပြီးနောက် Lisa ပြုံးရွှင်ပြီး ရုံးခန်းထဲက ထွက်လာခဲ့သည်

Lisaကို Chaeyoungရဲ့ Body guardအဖြစ် ထားရမှာကို ဘုရင်ကြီးမှာ မနှစ်သက်သောလည်း သူ့သမီးကို ပျော်စေချင်သောကြောင့် အလျော့ပေးလိုက်ရသည်

"ဘာတဲ့လည်း Lisa နင့်ကြည့်ရတာ ပြုံးပျော်နေတာဘဲ "

Nineကမေးတော့ Lisa မှာ လက်မထောင်ပြီး ပြုံးကာ

"ငါ့ကို ဘုရင်ကြီးက.... Chaeyoungရဲ့ Personal Bodyguard လုပ်ဖို့ ပြောလိုက်တာ ပျော်လိုက်တာ ဟိဟိ "

"ဟာ တကယ်လား "

"ဒါပေါ့ ငါက အခု မင်းသမီးလေးရဲ့ သက်တော်စောင့်ဖြစ်နေပြီ....ဒါနဲ့ မင်းသမီးက ဘယ်မှာလည်း "

"ခုန Maid တစ်ယောက်ပြောပုံအရ စာကြည့်ခန်းဘက်သွားတယ်ပြောတယ် အဲ့ကို လိုက်သွားကြည့်တာပေါ့ လာ ငါနင့်ကို လိုက်ပြမယ် "

Lisaလည်း စာကြည့်ခန်းကို လိုက်ပြမယ့် Nine နောက်ကို လိုက်သွားသည်

"ကဲ ရောက်ပြီ ဒီအခန်းဘဲ နင် ဝင်သွားလိုက်လေ ငါအရှေ့မှာ စောင့်နေမယ် Lisa "

"Ok Nine "

"ကြိုက်သလောက် အချိန်ယူနော် ငါအရှေ့မှာ အေးဆေးစောင့်ပေးမယ် "

"ကျေးဇူးပါ Nine "

Nineကို ကျေးဇူးတင်စကားပြောပြီး Lisa စာကြည့်တိုက်ထဲ ဝင်လာသည်

ခမ်းနားကြီးကျယ်ပြီး စာအုပ်စင်အပြည့်ရှိတဲ့ စာကြည့်တိုက်ထဲ Chaeyoungကို Lisa လိုက်ရှာနေမိသည်

စာကြည့်တိုက်ထဲ  လိုက်ရှာရင်း တစ်နေရာရောက်တော့ စားပွဲခုံပေါ်  ခေါင်းလေးမှောက်ကာ အိပ်ပျော်နေတဲ့ Chaeyoungကို Lisa တွေ့တော့ ပျော်သွားသည်

Unknown GirlOnde histórias criam vida. Descubra agora