Unicode
Lockdown Breakage
Extra -1
နံနက်ခင်းရဲ့ နေအလင်းက ပြတင်းတံခါးကို ဖြိုခွင်းလို့ တစ်ကိုယ်လုံးအပေါ် ကျရောက်နေသော်လည်း မထသေးဘဲ အိပ်စက်နေသောသူမှာတော့ ကမ္ဘာမှာ နှစ်ယောက်မရှိသည့် Xiao Xiao Zhan ပင်ဖြစ်သည်။သူများတွေလို မိမိရဲ့ချစ်ရသူ အိပ်ရာပေါ်ကနေ ဘယ်အချိန် ထသွားသလဲတွေ ဘာတွေ ဂရုမစိုက်နိုင်၊ဘေးမှာ Yibo ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ဆက်အိပ်နိုင်သည်။အိပ်ရဖို့အရေး Xiao Zhan တို့အရေးပင်ဖြစ်သည်။
(ဒေါက်..........ဒေါက်.........)
"Xiao Zhan......Xiao Zhan သေမနေနဲ့......ထတော့.....ဟဲ့ ငါပြောတာ ကြားရဲ့လား......"
Xiao Zhan အိပ်နေရာမှ စိတ်မပါလက်မပါ ညည်းညူရင်း ထလိုက်သည်။
"မေမေကလည်း ထပါပြီဗျာ.......သားယောကျာ်း Yiboကတောင် မနှိုးရက်လို့ အိပ်ခိုင်းထားတာပဲကို...."
"Yiboက မနှိုးရက်ပေမယ့် ငါ နှိုးရက်တယ်....မပြောချင်လို့ ကြည့်နေတာ ကြာပြီနော် Xiao Zhan .....တကယ်တည်း.....Yibo လေးက အလုပ်ကြိုးစားသလောက် ငကျန့်တို့ကတော့ တစ်နေ့နေ့ အိပ်လိုက်စားလိုက်နဲ့ ဘာအလုပ်မှကို မလုပ်တာ....အမေရင််း ငါတောင် နင့်ကိုကြည့်ရတာ အမြင်ကပ်လာပြီ သိလား..."
"မေမေရယ် သားလည်း ထနေပါပြီ....အခန်းအပြင်ကနေ အော်ကြီးဟစ်ကျယ် ဆူမနေပါနဲ့တော့လား......"
"အေးပါ...အေးပါ.....အခုတော့ မေမေ့အသံက နားခါးလှပါပြီဖြစ်နေပြီပေါ့...."
ဟူး...မေမေကလဲ တစ်နေ့တစ်နေ့ ငါ့ကိုပဲ လိုက်ကြည့်ပြီးပြောနေတာပဲ။ယောကျာ်းက အလိုလိုက်ပြန်တော့လည်း ဖေဖေနဲ့မေမေက ငါ့ကို အလုပ်ပဲလုပ်ခိုင်းနေကြတယ်။ဟွန့်.....ဘာမှမဟုတ်ဘူး။ငါ့ကို မနာလိုနေကြတာနေမယ်။ဟီ...ဟီး....ငါကိုက ယောကျာ်းရကံကောင်းတာလေ။အိမ်ထောင်သက်တမ်း သုံးနှစ်ကြာတာတောင် အချစ်မလျော့သေးတဲ့ Yibo ကို မိမိကိုယ်တိုင်ကလည်း ချစ်လို့မဝနိုင်ပါ။အစစအရာရာ လိုလေသေးမရှိအောင် ဂရုစိုက်ပေးတဲ့ ယောကျာ်းလေး Yiboကိုမှ မချစ်ရင် Xiao Zhan ရူးနေလို့ပဲပေါ့။ဟူး.....သူများအတင်းလည်း ဆက်မပြောချင်တော့ပါဘူး။ဟီး....သူများဆိုလို့ တခြားသူတော့မဟုတ်ပါဘူး။ဖေဖေနဲ့မေမေပေါ့။
YOU ARE READING
LOCK DOWN BREAKAGE (Complete )
RomanceYiZhan fan fic လေးပါ covidကာလအတွင်း အချစ်ဇာတ်လမ်းလေးပေါ့ ရပ်ကွက်ထဲကအလွဲလေးတွေနဲ့ ယုန်ကြီးနဲ့ lionလေးတိာ့ရဲ့ ချွဲပုံချွဲနည်းလေးတွေပါပါတယ်😊 lock downကိုချိုးဖောက်တယ်ဆိုပြီး။သမက်တစ်ယောက်ရသွားတဲ့ ဒယ်ဒီကြီးလည်းပါလို့ရယ်ရမှာပါ drama မဟုတ်ဘဲ comedy သက်သက်...