Unicode
Lockdown Breakage
Extra-3
မနက်ခင်းတိုင်းမှာ အတူနိုးထချင်တဲ့ ကျွန်တော်ရဲ့ချစ်ရသူလေးကတော့ ကျွန်တော့်ရင်ခွင်ထဲမှာ အပူအပင်ကင်းမဲ့စွာနဲ့ အိပ်စက်လို့နေတယ်။အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းလွန်းလို့ ကျွန်တော့်ပါးစပ်ထဲတောင် ငုံထားလိုက်ချင်တယ်။ဆေးရုံကဆင်းလာပြီးထဲက ကျွန်တော်ကိုယ်တိုင် အစားအစာတွေကို ဂရုတစိုက်ကျွေးလိုက်လို့ထင်ပါရဲ့။ပါးလေးနှစ်ဖက်ကပိုပြီး ဖောင်းလာတာ ချစ်ဖို့ကောင်းချက်ပဲ။အတိတ်မေ့ပြီးတဲ့နောက်မှ ကျွန်တော့်ရဲ့ Zhan Ge က ပိုပြီးစွာလာနေရောပဲ။
"Ge.......Ge ထတော့လေ...."
နှိုးနေတာကို မထတဲ့အပြင် ကျွန်တော့်ကိုတောင် ဖက်လုံးလိုခွပြီး ဆက်အိပ်နေသေးတယ်ဗျာ။အရမ်းချစ်ဖို့ကောင်းလွန်းနေလို့ မနှိုးချင်ပေမယ့် ဒီနေ့ကတော့ မဖြစ်မနေ စောနှိုးမှရမယ်။ဘာလို့ဆို ဒီနေ့က ကျွန်တော်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည် သုံးနှစ်ပြည့်တဲ့နေ့လေ။ခါတိုင်းနှစ်တွေမှာတော့ နှစ်ယောက်ထဲသက်သက် အချိန်ဖြုန်းဖြစ်ကြတာဆိုပေမယ့် ဒီနှစ်ကတော့ အရမ်းကိုထူးခြားတဲ့နှစ်ဖြစ်တာမို့ ဟိုတယ်တစ်ခုမှာ သေချာ စီစဉ်ထားတယ်။စီးပွားရေးပါတနာတွေရော ရှယ်ယာဝင်တွေရောကိုပါ ဖိတ်ထားတယ်လေ။ကျွန်တော့်ရဲ့ Geကို စောစောနှိုးနေတယ်ဆိုလို့ တကယ့်အစောကြီး မထင်လိုက်ပါနဲ့။ဆယ့်တစ်နာရီတောင် ထိုးပါတော့မယ်။ကျွန်တော်လည်း ဒီနေ့ companyကို မသွားတော့ Geအိပ်နေတာကို ငေးကြည့်နေမိတာ ကြာပြီလေ။Geက အတိတ်သာမေ့နေတာ ကျွန်တော့်ကိုတော့ အရင်လိုချွဲမြဲက ချွဲမြဲပါပဲ။အတိတ်မေ့နေတဲ့ Geက ပိုပြီးလည်း ကလေးဆန်လာတယ်။အဟမ်း....ကျွန်တော့်Geအကြောင်း ထိုင်ပြောနေလို့ကတော့ ခင်ဗျားလေးတို့ FA ဘဝကကျွတ်ရင်တောင် ပြီးနိုင်မယ်မထင်ဘူးဗျ။
"Ge....ထတော့နော်...ဒီနေ့က ကျွန်တော်တို့ရဲ့ 3 years anniversary day လေ....Ge မမှတ်မိလည်း ဒီနေ့လေးတော့ ကျွန်တော်ပြောတဲ့အတိုင်း လိုက်လုပ်ပေးပါ...နော်...Geရယ်...ချစ်ဖို့ကောင်းတဲ့ Di Diလေးရဲ့ မျက်နှာလေးကို ကြည့်ပါဦး..."
YOU ARE READING
LOCK DOWN BREAKAGE (Complete )
RomanceYiZhan fan fic လေးပါ covidကာလအတွင်း အချစ်ဇာတ်လမ်းလေးပေါ့ ရပ်ကွက်ထဲကအလွဲလေးတွေနဲ့ ယုန်ကြီးနဲ့ lionလေးတိာ့ရဲ့ ချွဲပုံချွဲနည်းလေးတွေပါပါတယ်😊 lock downကိုချိုးဖောက်တယ်ဆိုပြီး။သမက်တစ်ယောက်ရသွားတဲ့ ဒယ်ဒီကြီးလည်းပါလို့ရယ်ရမှာပါ drama မဟုတ်ဘဲ comedy သက်သက်...