Zawgyi code
Lockdown Breakage
Extra-2
"Ge.......Ge....."
ကျွန်တော့်ခေါ်နေတာကို Geက လှည့်တောင်မကြည့်သွားဘူး။အိမ်ထောင်သက်တမ်းသုံးနှစ်မှာ Ge ကျွန်တော့်ကို အခုလို အကြီးအကျယ်စိတ်ဆိုးတာ ပထမဆုံးအကြိမ်ပါပဲ။ကျွန်တော်ပြောတဲ့စကားတွေကို Geက အဓိပ္ပာယ်ကောက်လွဲသွားပုံပဲ။မဖြစ်ပါဘူး...Geနောက်ကို အမြန်လိုက်မှပါပဲ။
Yibo ကားကို အမြန်ပြေးယူကာ Xiao Zhanနောက်ကို လိုက်လေသည်။
ဘဝပင်လယ်မှာ မဝင်တာကြာပြီဖြစ်တဲ့ မုန်တိုင်းက တိုက်ခတ်ချင်လာတော့ မည်သူကမျှ တားမြစ်ပိုင်ခွင့်မရှိခဲ့လေတော့.........။
အမြန်မောင်းလာသော Xiao Zhan၏ကားလေးသည် အကွေ့တစ်ခုမှ ကားတစ်စီးနှင့် မျက်နှာချင်းဆိုင် တိုက်မိလေသည်။ကျယ်လောင်စွာ ထွက်ပေါ်လာသော ဆူညံသံများက Yibo ၏ရင်ဝကို မီးစနှင့်ထိုးသလို ပူလောင်လာစေသည်။ကားကို အမြန်ရပ်လိုက်ပြီး Xiao Zhanရှိရာဆီ ပြေးလာခဲ့သည်။နားထဲမှာ မည်သည့်အသံမှ မကြားရတော့သလို Yibo အတွက် ကမ္ဘာကြီးက ခေတ္တရပ်တန့်သွားသယောင်။
ကားထဲမှ သွေးများစီးကျနေသော လက်ကလေးတစ်ဖက်၊ထိုလက်လေးဝယ် လက်စွပ်လေးတစ်ကွင်းကလည်း နေရာယူလို့ထားသည်။Yibo ကိုယ်တိုင် ဒီဇိုင်းဆွဲထားသည့် လက်စွပ်လေးမို့ မည်သူမည်ဝါဆိုတာ ပြောပြနေရန်ပင်မလို။
တုန်ယင်နေသော လက်များဖြင့် Yibo ကားတံခါးကို ဖွင့်လိုက်တော့ နဖူးထက်မှ သွေးများစီးနေသော Yibo၏ Zhan Ge ပင်။မေ့မြောနေသော Xiao Zhanကို အမြန်ထွေးပွေ့လို့ Yibo ခေတ္တငိုင်နေမိသည်။ကိုယ့်အသိစိတ်ကို ကိုယ်ပြန်ထိမ်း၍ အရေးပေါ်ကားကို ခေါ်လိုက်သည်။
"Ge.....Zhan Ge .... ကျွန်တော့်ကို မနောက်နဲ့ဗျာ ...Ge က အမြဲ ကျွန်တော့်ကို နောက်နေကျလေ...အခုလည်း နောက်နေတာ မဟုတ်လား...မကြာခင် အရေးပေါ်ကားလည်း ရောက်တော့မယ်....Ge တစ်ခုခုဖြစ်ရင် ကျွန်တော် ရူးသွားလိမ့်မယ်....Ge ....."
YOU ARE READING
LOCK DOWN BREAKAGE (Complete )
RomanceYiZhan fan fic လေးပါ covidကာလအတွင်း အချစ်ဇာတ်လမ်းလေးပေါ့ ရပ်ကွက်ထဲကအလွဲလေးတွေနဲ့ ယုန်ကြီးနဲ့ lionလေးတိာ့ရဲ့ ချွဲပုံချွဲနည်းလေးတွေပါပါတယ်😊 lock downကိုချိုးဖောက်တယ်ဆိုပြီး။သမက်တစ်ယောက်ရသွားတဲ့ ဒယ်ဒီကြီးလည်းပါလို့ရယ်ရမှာပါ drama မဟုတ်ဘဲ comedy သက်သက်...