LOCKDOWN BREAKAGE Episode -10(final)

478 40 9
                                    

Uni

        LOCKDOWN BREAKAGE

          Episode -10(final)



    Yibo တစ်ကိုယ်လုံး  လှုပ်မရအောင်ကိုက်ခဲနေသည်။မျက်လုံးကို ဖွင့်ဖို့ကြိုးစားကြည့်ပေမယ့် အရမ်းလေးလံနေသည်။မိမိနံဘေးဝယ် အသက်ရှူသံပြင်းပြင်းလေးကိုလည်း ကြားနေသည်။မိမိ၏လက်ကိုလည်း တစ်စုံတစ်ယောက်က ဆုပ်ကိုင်ထားသည်ကို ခံစားမိသည်။ကိုယ်သင်းနံ့သင်းသင်းလေးကိုလည်း ရှူရှိုက်မိသည်မို့ ဘယ်သူမှန်းတန်းသိလိုက်ရသည်။ရင်ထဲမှာ ပျော်ရွှင်မိသွားသလို ဝမ်းနည်းမှုကလည်း ချက်ချင်းဝင်ရောက်လာသည်။

     Geရဲ့မျက်နှာလေးကို တစ်ခါလောက်တော့ ကြည့်ချင်မိပါသေးတယ်။Geက ကျွန်တော်ရှင်းပြရင်ရော နားထောင်ပါ့မလား။ကျွန်တော် Ge ကျေနပ်တဲ့အထိ တောင်းပန်ပါ့မယ်။Geက ခွင့်မလွှတ်ဘူးဆိုရင်လည်း Geဘေးနားကနေ ထွက်သွားပေးမှာပါ။ဒါပေမယ့် မမြင်ကွယ်ရာကနေတော့ Geကို ကြည့်နေပါရစေ။ဟော ကျွန်တော့်ရဲ့အသက်ကလေး လှုပ်လာပြီ။နိုးလာပြီထင်တယ်။

       Xiao Zhan နိုးလာတော့ တန်းသတိရမိတာက Yiboပင်။Yiboက ဘာလို့မျက်ရည်တွေကျနေပါလိမ့်။ဟွန့် လူကို စိတ်ပူအောင်ပဲ လုပ်ပြီး အခုထိပြန် မချော့သေးဘူး။သုံးရက်ရှိနေပြီ အိပ်နေတာ။

      Xiao Zhan Yibo၏မျက်ရည်များကို တယုတယ သုတ်ပေးလိုက်သည်။ထို့နောက် Yibo၏ ပါးပြင်လေးကို လက်ညှိုးလေးနှင့် ထိုးကြည့်နေသည်။

     ထိုစဉ် Xiao Zhan၏ လက်ကလေး ဖမ်းဆုပ်ခံလိုက်ရသည်။

     "ဟွန် Yibo သတိရပြီလား။ဘယ်လိုနေသေးလဲ။Ge ဆရာဝန် သွားခေါ်လိုက်မယ်။"

     ဆရာဝန်သွားခေါ်တော့မည့် Xiao Zhanကို Yibo လှမ်းဆွဲလိုက်သည်။

"ရတယ် Ge။မခေါ်ပါနဲ့အုံး။ကျွန်တော့်ဘေးမှာ ခဏလောက်နေပေးပါလား။"

"အမ်...ရတာပေါ့။"

"Ge...ကျွန်တော် တောင်းပန်ပါတယ်။ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ဘာလျှို့ဝှက်ချက်မှ မထားကြေးဆိုပြီး Geကို လျှို့ဝှက်ထားမိတယ်။ကျွန်တော်....ကျွန်တော်။"

      LOCK DOWN BREAKAGE (Complete )Where stories live. Discover now