Uni
LOCK DOWN BREAKAGE Episode -5
"သူခိုးဗျို့.....သူခိုး....သူခိုးကပ်လို့...."
မနက်ဝေလီဝေလင်း အချိန်တွင် "သူခိုး"ဟု အော်သံက လွှမ်းသွားတော့သည်။အိပ်သုန်မှုန်ဝါးဖြင့် အိမ်ထဲမှ လူများ အသီးသီးထွက်လာကြသည်။
"ဘာလဲ ဒီရပ်ကွက်မှာ သူခိုးခိုးတယ်လို့ မကြားဖူးပါဘူး..."
"ဟုတ်ပါ့ ဘာတွေ ပါသွားသေးလဲမသိပါဘူး...."
"မပါသွားပါဘူး လူရိပ်မြင်တာနဲ့ပြေးတာတန်းလို့,..ကျွန်တော်တို့ ရပ်ကွက်ထဲကတော့ ဖြစ်ဟန်မတူဘူး...."
"အခြားရပ်ကွက်တွေ သူခိုးကပ်တယ်ကြားတယ် အခုတော့ ငါတို့ ရပ်ကွက်ပါပါလာပြီ ..."
"Xiaoလူကြီးမင်း ကျွန်တော်တို့ ရပ်ကွက်လည်း လှည့်ကင်း ချရတော့မယ် ထင်တယ်"
"ကောင်းပြီ ဒီနေ့မနက်ကစ အစီအစဉ်ဆွဲကြတာပေါ့ ...ကဲအခုတော့ သတိနဲ့ နိုးနိုးကြားကြားနေကြပေါ့...."
"ဟုတ်..."
"ဟုတ်ကဲ့..."
လူစုကွဲသွားကြချိန်အထိ မနိုးသေးတဲ့ တစ်ဦးတည်းသော လူသားလေးကတော့ Xiao Zhanပင်။Yiboက နိုးနေသော်လည်း Xiao Zhan ဘေးနားမှာပဲ ထိုင်နေကာ Xiao Zhan၏နဖူးပေါ်ရှိ ဆံနွယ်များအား သပ်လိုက်ပြီး နံနက်ခင်း အနမ်းလေးတစ်ပွင့် ပေးလိုက်သည်။
Yibo မျက်နှာသစ် သန့်စင်ကာ Xiao Zhanအတွက် မျက်သစ်သွားတိုက်ဖို့ အဆင်သင့် လုပ်ထားလိုက်သည်။Yibo ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာခေါ်လိုက်သည်။
📱ကျွန်တော် မှာထားတာတွေ အကုန်လုပ်ထားလိုက်နော် အရေးကြီးကိစ္စရှိမှ ကျွန်တော့်ဆီဆက်သွယ်ပါ..📱
📱ကောင်းပြီ ကျွန်တော်အခုမှာတဲ့ ပစ္စည်းတွေကိုတော့ အမြန်ချောနဲ့ပို့လိုက်ပါ 📱
Yibo ဖုန်းချလိုက်ပြီး Xiao Zhan ကို လှမ်းကြည့်တော့ ဆက်အိပ်နေသေးသည်။Yibo အခန်းပြတင်းနှင့် လိုက်ကာများကို ဖွင့်လိုက်သည်။
နေခြည်နွေးနွေးလေးက Zhan Geပါးပေါ်ဖြတ်နေတာ အရမ်းလှတာပဲGeရာ။Geက ကျွန်တော်တွေ့ဖူးတဲ့ မိန်းကလေးတွေလို မိတ်ကပ်ပါမှ လှတဲ့အလှမျိုးမဟုတ်ဘူး။အရမ်းကို ဖြူစင်တဲ့အလှ။တစ်နေ့ တစ်နေ့ Geကို ချစ်တဲ့အချစ်တွေ တိုးလာတာ ကျွန်တော့်ရဲ့ ရင်ဘတ်နဲ့တောင် မဆံ့ချင်တော့ဘူး။Geကိုရတာ ကျွန်တော့်ဘဝအတွက် အကောင်းဆုံးဆုလာဘ်ပါပဲ။
YOU ARE READING
LOCK DOWN BREAKAGE (Complete )
RomanceYiZhan fan fic လေးပါ covidကာလအတွင်း အချစ်ဇာတ်လမ်းလေးပေါ့ ရပ်ကွက်ထဲကအလွဲလေးတွေနဲ့ ယုန်ကြီးနဲ့ lionလေးတိာ့ရဲ့ ချွဲပုံချွဲနည်းလေးတွေပါပါတယ်😊 lock downကိုချိုးဖောက်တယ်ဆိုပြီး။သမက်တစ်ယောက်ရသွားတဲ့ ဒယ်ဒီကြီးလည်းပါလို့ရယ်ရမှာပါ drama မဟုတ်ဘဲ comedy သက်သက်...