LOCK DOWN BREAKAGE Episode -8

318 36 4
                                    

Uni

      LOCK DOWN BREAKAGE  Episode -8

    

     Xiao Zhan ဖုန်းလေးပေါ်က contact nameလေးကို  ကြည့်လိုက်တော့ "Di Di"ဆိုသည့် အမည်နာမလေးကပေါ်နေသည်။သူဒီဖုန်းကို ကိုင်ဖို့ အင်အားမရှိပါဘူး။တစ်ဖက်က ဖုန်းပြောသူက Yiboမဟုတ်မှာကို ကြောက်နေမိသည်။Yiboက သူ့ကို ထားရစ်ခဲ့မှာ အရမ်းကြောက်မိပါတယ်။Yiboကို ထွက်မသွားဖို့ ဖက်တွယ်ထားချင်တာပေါ့။ဒါပေမယ့် သူမတားရက်ပါဘူး။Yiboလေးပျော်ရွှင်ဖို့ လိုအပ်တာပေါ့။Yiboလည်း သာမန်မိသားစုဘဝလေးကို လိုချင်ရှာမှာပဲလေ။Geရင်ကွဲမှ Yiboပျော်ရွှင်မယ်ဆိုလည်း Geကျေနပ်ပါတယ်။ဒါပေမယ့် Geကို Yibo နောက်ဆံမတင်းဘဲ ထားခဲ့လို့ရအောင် Geလုပ်ပေးမှာပါ။Geကို Yiboဘက်က စဖွင့်ပြောမယ်ဆိုရင်  Ge .. Geခံနိုင်ရည်ရှိရမှာပေါ့။ဟင့်...ဒီမျက်ရည်တွေကလည်း ယောကျာ်းတန်မဲ့ တားမရဆီးမရ ကျနေရလားကွာ။Xiao Zhanမင်းလည်း ယောကျာ်းပါ။Yiboကို ယောကျာ်းပီပီ တစ်ခါလောက် စွန့်လွှတ်ပြီးချစ်ပြလိုက်စမ်းပါ။ကိုယ်ချစ်ရတဲ့သူ ပျော်ရွှင်ဖို့က အရေးကြီးတယ်လေ။ဟက်...Xiao Zhan Xiao Zhan မင်းက တကယ်တော့ ချစ်တတ်သားပဲနော်။ချစ်တတ်မှလည်း ကျန်ရစ်ခဲ့ရတော့မှာပေါ့။







(ဒုံး ...ဒုံး )

      Yibo အိမ်ပေါ်သို့ အပြေးတက်လာခဲ့သည်။အခန်းတံခါးကို အမြန်ဖွင့်လိုက်တော့ Geရဲ့နောက်ကျောလေးကို တွေ့လိုက်ရသည်။ဒါပေမယ့် နောက်ကနေကြည့်ရင်ကို Geငို‌နေမှန်းသိသာလှသည်။ရှိုက်ငိုနေသည်မို့ ကျောပြင်လေးက တသိမ့်သိမ့်တုန်လို့နေသည်။ကျွန်တော် Geကို နောက်ကနေလှမ်းဖက်ပြီး ရင်ခွင်ထဲသို့ ထွေးပွေ့ထားလိုက်သည်။

Geက ကျွန်တော့်ဘက်ကို လှည့်ကြည့်ဖို့လုပ်လေသည်။



"Ge...ကျေးဇူးပြုပြီး ကျွန်တော့်ဘက်ကို မလှည့်ပါနဲ့လား။Geရဲ့မျက်ရည်တွေကို ကျွန်တော် မမြင်ရပါစေနဲ့။ကျွန်တော့်နှလုံးသားလေး နာကျင်ရလွန်းလို့ပါ။Geကို မျက်ရည်ကျရအောင် လုပ်တဲ့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း မုန်းမိတယ်။ကျွန်တော် အခုပြောတာတွေကို Geယုံကြည်ပေးပါလို့ မပြောပါဘူး။ကျွန်တော့်ကို ရှင်းပြခွင့်လေးတော့ပေးပါနော်။တခြားသူတွေမြင်ရင်တော့ အခုဖြစ်သွားတဲ့ကိစ္စက ဘာမှမဟုတ်ပါဘူးလို့ မြင်ကောင်းမြင်နိုင်ပါလိမ့်မယ်။ဒါပေမယ့် ကျွန်တော် Geခံစားနေရတာတွေကို နားလည်တယ်။Geက ကျွန်တော့်ကိုချစ်လို့ အခုလို သဝန်တိုတာပေါ့။Ge ကျွန်တော့်ကို သဝန်တိုတာကို ပျော်မိပါတယ်။Geက ကျွန်တော့်ကို အများကြီးချစ်မှန်းသိရလို့လေ။ဒါပေမယ့် Geကို သဝန်မတိုစေချင်ဘူး။Geရဲ့မျက်ရည်တွေနဲ့ Geပင်ပန်းမှာကို မမြင်လိုဘူး။နောက်ပြီး Geကို ဘာမှမပြောဘဲ ထွက်သွားမိတာရယ် အခုချိန်မှာ ဒီထက်ပိုပြီး မရှင်းပြနိုင်သေးတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။အချိန်တစ်ခုထိတော့ စောင့်ပေးပါGeရယ်။"

      LOCK DOWN BREAKAGE (Complete )Where stories live. Discover now