Zawgyi code
LOCK DOWN BREAKAGE
Episode -3
"Geရေ ....ရေချိုးလို့ရပြီနော်...ကျွန်တော် ပြီးသွားပြီ...."
"အေးပါ ..Geလဲ ချိုးတော့မလို့ပဲ..."
"Ge. ..ကျွန်တော် ဂျီးတွန်းပေးရအုံးမလား...."
"ဘာ??ဒီကလေးတော့ ကိုယ့်ဘာကို တွန်းတတ်တယ်...."
"အွန်းပါ မြန်မြန်ချိုးနော် Ge....?"
💦💦💦💦💦💦💦💦💦💦💦💦💦💦
"ဟူး ....ရေသာ ချိုးနေရတာ....ရေချိုးပြီးရင် ဒီကလေးနဲ့ ဒီညကို ဘယ်လို နှစ်ပါးသွားရမလဲသိဘူး....ဪ ဟုတ်သား... သူ့ကိုငါက ပြန်ချစ်ပြီဆိုမှ ကုတင်ပေါ်မှာ အိပ်ရမယ်လို့ ပြောထားတာပဲ....ဟီး..."တံခါးကို အသာလေး ဖွင့်ကြည့်တော့ Yibo က မအိပ်သေးဘဲ ကုတင်ပေါ်တွင် အကျအန လှဲကာ ဖုန်းဆော့နေသည်။
"Xiao Zhanမင်းလဲ ယောကျာ်း သူလဲယောကျာ်းလေ....ဘာတွေ ကြောက်နေရမှာလဲ...."
တံခါးကို ခပ်တည်တည်နှင့်ဖွင့်ကာ
"ဪ Yibo မအိပ်သေးဘူးလား မဟုတ်လဲ ဒီနေ့က အတော် အလုပ်ရှုပ်တဲ့နေ့ဆိုတော့ ပင်ပန်းနေမှာကို...."
"မပင်ပန်းပါဘူး Geကလဲ....ကျွန်တော်မှ ဘာမှမလုပ်တာရတာကို အန်တီကပဲ အကုန်စီစဉ်ပေးသွားတာကို...."
"ဒါလည်းဟုတ်သား...."
Xiao Zhan အူလည်လည်လေးသာ ခေါင်းသုတ်နေလိုက်သည်။
"Ge ကျွန်တော့်ဆီလာခဲ့...."
"ဘာ....ဘာလို့လဲ....."
"ခေါင်းကို ရေသုတ်ပေးမလို့လေ....."
"ဪ ....ရ..ရပါတယ်..."
"တဘတ်ပေးပါဗျာ ကျွန်တော်သုတ်ပေးပါ့မယ်....."
"Yibo.....မင်းကို Geပြန်ချစ်မလာရင် ဘယ်လိုလုပ်မလဲ......"
"Ge....Geကျွန်တော့်ကို ပြန်ချစ်လာဖို့က ကျွန်တော့် တာဝန်သာထားပါ Geပြန်ချစ်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်...."
"အံမယ်....သူ့ကိုယ်သူ အပိုင်တွေတွက်ထား...ဟွန့် မပြောချင်ဘူး...."
"အပိုင်တွက်တာ မဟုတ်ပါဘူး ကျွန်တော်က မေတ္တာ က ရောင်ပြန်တယ်ဆိုတာကို ယုံကြည်လို့ပါ ကျွန်တော်Geကို ဘယ်လောက်ချစ်လဲဆိုတာ ကျွန်တော်အသိဆုံးပါ....."
YOU ARE READING
LOCK DOWN BREAKAGE (Complete )
RomanceYiZhan fan fic လေးပါ covidကာလအတွင်း အချစ်ဇာတ်လမ်းလေးပေါ့ ရပ်ကွက်ထဲကအလွဲလေးတွေနဲ့ ယုန်ကြီးနဲ့ lionလေးတိာ့ရဲ့ ချွဲပုံချွဲနည်းလေးတွေပါပါတယ်😊 lock downကိုချိုးဖောက်တယ်ဆိုပြီး။သမက်တစ်ယောက်ရသွားတဲ့ ဒယ်ဒီကြီးလည်းပါလို့ရယ်ရမှာပါ drama မဟုတ်ဘဲ comedy သက်သက်...