LOCK DOWN BREAKAGE Episode -6

395 40 7
                                    

Uni

            LOCK DOWN BREAKAGE

               Episode -6



       Xiao Zhanတို့ အိမ်ကိုပြန်ရောက်တေယ့ Xiao မေမေကတော့ အိပ်ပျော်နေပြီဖြစ်သည်။Yibo နှင့် Xiao Zhan နှစ်ယောက်သား အသာလေး‌‌ ခြေဖွနင်းကာအိမ်ပေါ်သို့ တက်လာခဲ့ကြသည်။နှစ်ယောက်လုံး Xiao မေမေကို စိတ်မပူစေချင်တာနဲ့ ဆေးသေတ္တာလေးအသာယူလိုက်သည်။

      Yiboက ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေကာ Xiao Zhan ပြုသမျှနုနေရှာသည်။

     Xiao Zhan Yibo၏ဒဏ်ရာက်ကို အရက်ပြန်နှင့်တို့ကာ ဆေးလိုက်သည်။Yiboက မအော်ပေမယ့် နာနေရှာမှာပဲ ။Xiao Zhan တဖူးဖူးနှင့် Yibo သက်သာလိုသက်ငြား မှုတ်ပေးနေမိသည်။

"Yibo အရမ်းစပ်နေလား နာနေရင် Geကိုပြောနော်....အခုတော့ အရက်ပြန်နဲ့ဆေးပြီး ဆေးထည့်လိုက်မယ် နောက်ပြီး ပတ်တီးလည်းစည်းလိုက်မယ်...မနက်ကျရင်တော့ ဆေးရုံမသွားချင်ရင်တောင် ဆေးခန်းသွားပြီး ဓာတ်မှန်ရိုက်ရမယ်နော် ဒါမှ Yiboရဲ့ ခေါင်းမှာ အတွင်းဒဏ်ရှိမရှိ သွေးယိုစိမ့်မှုရှိမရှိ  ဦးနှောက်ကို ထိခိုက်မှု ရှိမရှိသိရမှာ"

  

     Yibo Geရဲ့နှုတ်ခမ်းလေးက ထော်ထော်ပြီး စကားတွေ အဆက်မပြတ်ပြောနေတာကို အသည်းယားလာမိသည်။သည်းမခံနိုင်တဲ့အဆုံး ဂျယ်လီတုံးလေးကို ရုတ်တရက် စားသုံးမိတော့သည်။

         Xiao Zhan Yiboကို အသာရုန်းကာ ဖယ်လိုက်သည်။

     "Yibo Geက စိတ်ပူလို့ ပြောနေတာကို နားမထောင်ဘဲ လာနမ်းရသလား Geဘယ်လောက်ထိ စိတ်ပူနေလဲ Yiboသိရဲ့လား...Yiboကို Geက အစင်းရာလေးတောင် ထင်စေချင်တာမဟုတ်ဘူး အခုက Geကိုယ်တိုင် Yiboခေါင်းကို ရိုက်ခွဲမိတာ...Geဘယ်လောက်တောင် ရင်နာရလဲလို့....ဟင့်...ဟင့်..."

"ဟာ...Ge...ဘာလို့ငိုနေတာလဲ ကျွန်တော် အကောင်းကြီးပဲရှိပါသေးတယ် Geကရိုက်လိုက်တာ လက်ဆမပြင်းပါဘူး ခြင်ကိုက်သလောက်ရှိတာပါ ဒဏ်ရာတွေရတာမနာပေမယ့် Geရဲ့မျက်ရည်တွေကိုမြင်ရတာ ပိုရင်နာတယ် Ge...ကျွန်တော် အခုလို ဖြစ်တာ Geအပြစ်လုံးဝမဟုတ်ဘူး....Ge...Geကို ကျွန်တော်နောက်ထပ် မျက်ရည်တွေနဲ့မမြင်ပါရစေနဲ့..."

      LOCK DOWN BREAKAGE (Complete )Where stories live. Discover now