Zawgyi❤
စက္ကန့်များမှ မိနစ်များသို့....မိနစ်များမှ နာရီများသို့...
တရွေ့ ရွေ့  အချိန်တို့ကုန်ဆုံးလာသည်နှင့် ကျောင်းဆင်းချိန်သို့ပင်ရောက်လာချေပြီ....."...ကလင်...ကလင်...ကလင်"
"ကဲ...ကဲ အဲ့တာဆို ဆရာမဒီနေ့သင်လိုက်တဲ့ ပုစ္ဆာတွေ အိမ်မှာတစ်ခေါက်လောက်ပြန်တွက်ကြည့်ကြအုံးနော် ဒါဘဲ နှုတ်ဆက်လို့ရပြီ"
"မင်္ဂလာပါဆရာမ....ကျေးဇူးတင်ပါတယ်ဆရာမ..."
ကျောင်းဆင်းပြီဆိုသည်နှင့် အတန်းထဲတွင် အားလုံး စာအုပ်များကို သိမ်းဆည်းနေလေပြီ။
သော်တာမင်းလဲ အမေ့ဆိုင်မှာ ကူရအုံးမည်ဖြစ်သောကြောင့်
ခပ်သုတ်သုတ်လေး သိမ်းပြီး ပြန်ရန် ဟန်ပြင်နေရသည်။ဘေးကတစ်ယောက်ကိုကြည့်လိုက်တော့ စာအုပ်သိမ်းနေတာ
လေးတိလေးကန်နှင့်....
စာသင်ချိန်တွင်လည်း စိတ်ဝင်စားပုံမပြ၊ အတွေးတွေက ဟိုရောက်ဒီရောက်နေမှန်းသိသာသည်။ခု နှစ်ဝက်မှ ကျောင်းပြောင်းလာကတည်းက အရင်ကျောင်းမှာ စာမလုပ်လို့ အထုတ်ခံရတာနေမှာ၊ စာလည်း ညံ့ မယ့်ပုံ
သော်တာမင်းတစ်ယောက် စိတ်ကူးထဲမှာတော့ ထက်ရှိန်ဝါအား အသေဖဲ့နေလေသည်။
လက်ထဲက နာရီကိုကြည့်လိုက်မိတော့
"သုံးနာရီတောင် ထိုးနေပြီဘဲ ဒီချိန်ဆိုင်မှာလူကျနေတော့မှာ
မြန်မြန်သွားမှပါ"ခြေလှမ်းတို့ကို ခပ်သုပ်သုပ်လေးလျှောက်ကာ စက်ဘီးရှိရာသို့ ဦးတည်လိုက်သည်။
စက်ဘီးလေးမှာ တော်တော်ပင် ဟောင်းနွမ်းနေလေပြီ၊
သွားရလာရ အဆင်ပြေစေရန် ဒီစက်ဘီးလေးကို သူကိုယ်တိုင် ကျောင်းဆင်းချိန်များတွင် အလုပ်လေးများ လုပ်ကာ စုဝယ်ခဲ့ရခြင်း၊ပင်ပင်ပန်းပန်း လုပ်ခဲ့ပြီးမှရခဲ့သောကြောင့်ဒီစက်ဘီးလေးကိုတော့ တန်ဖိုးထားပါသည်။
စက်ဘီးသော့ရှိရာ အကျီအိတ်ကပ်ထဲသို့ စမ်းလိုက်သောအခါ...."ဟာ...ဒုက္ခပါဘဲ စက်ဘီးသော့ပျောက်ပြီထင်တယ်"
လွယ်အိတ်ထဲသို့ လှန်လှောရှာကြည့်သော်လည်း မတွေ့...
YOU ARE READING
နှောင်ဖွဲ့ခြင်း
Teen Fictionဒီficလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ဘာplotမှမချ အပိုင်းတိုင်းမှာ ဘာရေးမယ်လို့မစီစဉ်ထားဘဲ စိတ်ထဲရှိတဲ့အတိုင်းလေးကိုဘဲ တဖြည်းဖြည်းချင်းစီ ပုံဖော်သွားမှာပါ။ ယောကျာ်းလေးနှစ်ယောက်ကြားက သံယောဇဉ်တွေအချစ်တွေကို နူးနူးညံ့ ညံ့ နဲ့ သဘာဝကျကျလေး ပုံဖော်ရေးသွားမှာမဲ့...