Zawgyi❤
ထမင်းစားဆင်းချိန်သို့ရောက်သည်နှင့် နဒီတစ်ယောက် အပြေးအလွှားလေး ခုံတစ်ခုံကိုယူ၍ သော်တာမင်းခုံဘေးနားတွင် ယူထိုင်လိုက်လေသည်။
ပုံမှန်ဆို သော်တာမင်းဘေးကခုံအလွတ်တွင် ထိုင်စားနေကြဖြစ်သော်လည်း အသစ်ပြောင်းလာသော ကျောင်းသားကြောင့်
အရင်လို ထိုင်စား၍ မရတော့......"သော်တာ ဒီမှာ ငါနင်စားဖို့ ကြက်သားဟင်း ပိုထည့်ခဲ့တယ်ဟ..."
"အေးပါ စားပါ့မယ်ဟ....နင်ကလည်း ဟဲဟဲ"
ထက်ရှိန်ဝါ တစ်ယောက်ဘေးက ကြည်နူးနေသော နှစ်ယောက်ကို ကြည့်၍ပင်မရချင်တော့....
ဒီလောက်ချစ်နေကြရင် အစကတည်းက အတူတူ ထိုင်ကြပါလားဟ......
ဘေးကကောင်ကို ကြည့်တော့လည်း မျက်ခွက်က ပြုံးဖြီးနေတာဘဲ....ဟိုကောင်မလေးကလည်း အကြင်နာမျက်ဝန်းတွေနဲ့အသေကြည့်နေတာက ကိုယ်ပါလန့်လာသလိုလိုပင်..
"စားနော် သော်တာ ဝအောင်စား ငါမနက်အစောကြီးထပြီး နင့်အတွက်စားစေချင်လွန်းလို့ ငါကိုယ်တိုင်ချက်ထားတာ...."
"နင်က ချက်တတ်တယ်ပေါ့ ငါတောင် မသိလိုက်ပါလားဟ..."
"ဒါပေါ့ ငါကိုယ်တိုင် အပင်ပန်းခံပြီး စေတနာတွေထည့်ပြီး ရှယ်ချက်ထားတာ စားစား.....ဘယ်လိုနေလဲ ကောင်းလား...."
"ကောင်းတယ်......ကောင်းတယ်.... နင်အတော်ဆုံးဘဲ မိနဒီ"
ထိုသို့ပြောလိုက်သောအခါ နဒီ့မျက်နှာက မှိုရသွားသလို ပြုံးနေတာ မရပ်တော့...........
ထက်ရှိန်ဝါလည်း ထိုသို့ ဖြစ်ပျက်နေကြသော နှစ်ယောက်ကို ကြည့်နေရသည်မှာ ထမင်းပင် မြိုမကျချင်တော့....
ထို့ကြောင့် စားစရာ ရှိတာ မြန်မြန်စားပြီး ထမင်းချိုင့်ကိုသိမ်းကာ သန့်စင်ခန်း ရှိရာသို့ ဦးတည်ခဲ့လိုက်သည်....။
ထက်ရှိန်ဝါ ထွက်သွားတော့မှ...
"ဟဲ့ သော်တာ နင့်ဘေးက ကျောင်းသားသစ်မျက်နှာက တည်တင်းနေတာလဲနော်၊ ငါ့မှာ နင်ရှိလို့သာ လာစားရတာ....သူ့မျက်နှာကြည့်ပြီး ထမင်းတောင် မြိုမကျဘူး..."
YOU ARE READING
နှောင်ဖွဲ့ခြင်း
Teen Fictionဒီficလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ဘာplotမှမချ အပိုင်းတိုင်းမှာ ဘာရေးမယ်လို့မစီစဉ်ထားဘဲ စိတ်ထဲရှိတဲ့အတိုင်းလေးကိုဘဲ တဖြည်းဖြည်းချင်းစီ ပုံဖော်သွားမှာပါ။ ယောကျာ်းလေးနှစ်ယောက်ကြားက သံယောဇဉ်တွေအချစ်တွေကို နူးနူးညံ့ ညံ့ နဲ့ သဘာဝကျကျလေး ပုံဖော်ရေးသွားမှာမဲ့...