Zawgyi❤
"အောက် အီး အီး အွတ်........"
မနက်ဝေလီဝေလင်း အချိန်သို့ပင်ရောက်လေပြီ....
သော်တာမင်းတစ်ယောက် လေးပင်နေသော မျက်လုံးများကို အားယူဖွင့်လိုက်ကာ တစ်နေ့တာ လုပ်ငန်းများကို ဆောင်ရွက်ရပေအုံးတော့မည်။
ဆယ်တန်းစာမေးပွဲက လက်တစ်ကမ်းအလိုဖြစ်သောကြောင့် ညက ကျောင်းစာများလေ့လာရသည်မှာ ၁နာရီထိပင်ရောက်ခဲ့သည်။
နာရီကိုကြည့်လိုက်ရာ ညွှန်ပြနေသည်က မနက် ၆နာရီတိတိ.......
ရေမိုးချိုးပြီးသောအခါ အမေ့ဆိုင်လေးသို့ ပစ္စည်းပစ္စယာများကို ကူသယ်ရပေအုံးမည်။
အခန်းပြင်ထွက်လိုက်တော့ အမေက ရေမိုးချိုးပြီး သနပ်ခါးအဖွေးသားနှင့် ဘုရားဝတ်ပြုနေလေသည်။
သော်တာမင်းတစ်ယောက် လုပ်စရာရှိသည်များကို ပြင်ဆင်ပြီးနောက် ကျောင်းဝတ်စုံကို တခါတည်းဝတ်လိုက်သည်။သူ့မှာ ကျောင်းဝတ်စုံဟူ၍ များများပြားပြားမရှိပါ။ အကျီသုံးထည်နှင့် ပုဆိုးနှစ်ထည်ကိုသာ လှည့်ပတ်ဝတ်နေရသည်။
ခဏနေတော့ အမေက ဘုရားဝတ်ပြုပြီးသွားလေပြီ။
"အမေ ကျွန်တော် ဒီဗန်း နဲ့ ဘူးသီးတွေရာ တို့ဟူးတွေပါ တခါတည်း စက်ဘီးနဲ့သယ်သွားတော့မယ်နော်"
"အေးအေး သား အမေခဏနေ လိုက်ခဲ့မယ် ဆိုင်မှာ ပစ္စည်းတွေ စီထားလိုက်....အမေဆီဗုံးယူလာပြီး အမေလာမှ ကြော်လိုက်မယ် "
"ဟုတ်ဟုတ်..."
သော်တာမင်းလည်း အိမ်သော့ကိုဖွင့်ကာ စက်ဘီးကိုထုတ်ရလေသည်။အိမ်သည်မှာလည်း ပျဉ်ထောင်အိမ် စုတ်တီးစုတ်ပဲ့ ဆင်းရဲသားရပ်ကွက်လေးပင်ဖြစ်သည်။ သူကတော့ ဒီတိုင်းနေရတာ ဘာမှမဖြစ်ပေမယ့် အမေ့တစ်ဘဝလုံး သူ့အတွက် နေ့စဉ်ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရသည်။
ထို့ကြောင့် သူစာကြိုးစားမည်။ အဆင့်မြင့်တက္ကသိုလ် တခုခုကိုတက်ပြီး အမေ့ကို ဒီဆင်းရဲတွင်းမှ ခေါ်ထုတ်ပေးမည်။
"ဟူး....."
သက်ပြင်းတစ်ချက်ချကာ စက်ဘီးပေါ်တွင် ပစ္စည်းများပါသောကြောင့် တွန်း၍ပင် အမေ့အကြော်ဆိုင်လေးသို့ ချီတက်ခဲ့ရသည်။
YOU ARE READING
နှောင်ဖွဲ့ခြင်း
Teen Fictionဒီficလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ဘာplotမှမချ အပိုင်းတိုင်းမှာ ဘာရေးမယ်လို့မစီစဉ်ထားဘဲ စိတ်ထဲရှိတဲ့အတိုင်းလေးကိုဘဲ တဖြည်းဖြည်းချင်းစီ ပုံဖော်သွားမှာပါ။ ယောကျာ်းလေးနှစ်ယောက်ကြားက သံယောဇဉ်တွေအချစ်တွေကို နူးနူးညံ့ ညံ့ နဲ့ သဘာဝကျကျလေး ပုံဖော်ရေးသွားမှာမဲ့...