Zawgyi❤
Barထဲမှ ကောင်လေးနှစ်ယောက်ထွက်သွားသည်ကို
Barထောင့်ရှိ ခုံလေးတစ်ခုံတွင်ထိုင်၍ အရက်သောက်ကာ ငေးကြည့်မိနေသော လူတစ်ယောက်လည်းရှိပေလေသည်၊သူကတော့ အခြားသူမဟုတ်......လင်းသော်တာပင်ဖြစ်သည်။
အရေးတကြီးအလုပ်ကိစ္စပေါ်လာသောကြောင့် ညတွင်းချင်း
မန္တလေးမှ ရန်ကုန်သို့ ဆင်းလာရခြင်း.....
တကယ်တော့ အခြားအလုပ်မဟုတ်ပါ.....ဘိန်းရောင်းဝယ်ခြင်းကြောင့် ဟိုဘက်ဂိုဏ်းခေါင်းဆောင်ကို ဒီbarတွင်ချိန်းကာ သူကိုယ်တိုင် လာတွေ့ရခြင်း......အလုပ်ကိစ္စဆွေးနွေးပြီး၍ တစ်ဖက်သူများ ပြန်သွားကြသည်မှာ ကြာပြီဆိုသော်လည်း.......အရက်မသောက်ရသည်မှာ ကြာပြီဖြစ်သည်ကတစ်ကြောင်း....၊အေးအေးဆေးဆေးခဏနေချင်၍ကတစ်ကြောင်း barထောင့်လေးတွင်ထိုင်ကာ
အေးဆေးသောက်နေခြင်းဖြစ်သည်။သူတွေ့လိုက်ပါသည်။ ကောင်လေးတစ်ယောက်...အသက်ကတော့ အများဆုံးရှိ ၁၇ ၁၈လောက်ပေါ့....။ အင်း ညီလေးလည်း ခုလောက်ဆို ဒီအရွယ်လောက်ရှိလောက်ရောပေါ့...
စားပွဲထိုးကောင်လေးဖြစ်မည်ထင်သည်။ စင်ပေါ်တွင် သီချင်းဆိုပြီးနောက် ထိုကောင်လေးမှာ ဝိုင်းတစ်ဝိုင်းကို စားပွဲသွားထိုးတော့ လူတစ်ယောက်မှ ဆွဲလားရမ်းလားလုပ်နေခြင်း....၊
ကောင်လေးမှာ တော်တော်ပင်ကြောက်နေသည်ထင်ပါရဲ့...
အသားတွေပင်တုန်နေသလို...ထိုကောင်လေးနေရာတွင် ကိုယ့်ညီလေးသာဆိုလျှင်ဟူသော
စိတ်ကဝင်လာသဖြင့် သွားကူညီရန်ထလိုက်တော့....
ကိုယ့်ထက်အရင် ကောင်လေးတစ်ယောက်က ထိုဝိုင်းသို့ရောက်သွားလေသည်။ ထို့နောက် စကားများကြကာ ထိုကောင်လေးကပင် ထိုလူနှစ်ယောက်ကို ဒေါသတကြီး ထိုးနှက်ပြီး စားပွဲထိုးကောင်လေးကို ချီမကာထွက်သွားလေသည်။"ကလင်....ကလင်...ကလင်..."
ဘောင်းဘီအိတ်ထဲတွင် ထည့်ထားသောဖုန်းလာမှ အတွေးလွန်နေရာမှ သတိပြန်ဝင်လာပြီး ဖုန်းကိုင်လိုက်တော့...."ဟဲလို....boss"
တစ်ဖက်မှ လူယုံ့အသံက ဆီးကြိုနေလေသည်။"ဟဲလို....အခြေအနေဘယ်လိုရှိလဲ စုံစမ်းခိုင်းထားတာ...."
YOU ARE READING
နှောင်ဖွဲ့ခြင်း
Teen Fictionဒီficလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ဘာplotမှမချ အပိုင်းတိုင်းမှာ ဘာရေးမယ်လို့မစီစဉ်ထားဘဲ စိတ်ထဲရှိတဲ့အတိုင်းလေးကိုဘဲ တဖြည်းဖြည်းချင်းစီ ပုံဖော်သွားမှာပါ။ ယောကျာ်းလေးနှစ်ယောက်ကြားက သံယောဇဉ်တွေအချစ်တွေကို နူးနူးညံ့ ညံ့ နဲ့ သဘာဝကျကျလေး ပုံဖော်ရေးသွားမှာမဲ့...