Zawgyi❤
အရှေ့အရပ်မှ နေမင်းကြီး တစ်စတစ်စ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှာ အလင်းရောင်တို့ တဖြည်းဖြည်းစိုးမိုးလာလေသည်။ လင်းကြက်တွန်သံတို့နှင့်အတူ အခန်းပြတင်းပေါက်လေးမှ မျက်နှာပေါ်သို့ဖြာကျလာသော အလင်းရောင်ကြောင့် သော်တာမင်း မျက်လုံးတို့ကို ပွတ်သပ်ရင်း နိုးလာလေသည်။
ဒီနေ့ အိပ်ယာမှ နိုးလာသောအခါ
ယခင်နေ့များနှင့်မတူ အနည်းငယ်ပို၍ တက်ကြွနေသလိုပင်..တခြားအကြောင်းကြောင့်တော့ မဟုတ်။ မနေ့က ဟိုမာနခဲကောင် ထက်ရှိန်ဝါကြောင့်ပင်.....အလောတကြီးထ ထွက်သွားသောထို့ကောင့်ကြောင့် ကျေးဇူးပင်ကောင်းကောင်းမတင်လိုက်ရ....။ညကလည်း အဲ့မာနခဲကောင်က အတွေးထဲဝင်ဝင်လာသောကြောင့် တော်တော်နှင့်ပင်အိပ်မပျော်...
မနေ့က အဲ့အကောင်ပြန်သွားပြီး မကြာလိုက်ပါ...အမေရောက်လာပြီး ဆေးရုံကပြန်ဆင်းခဲ့လေသည်။......
အများကြီးထိခိုက်တာရယ်တော့မရှိပါ။ မျက်နှာပေါ်က အညိုအမဲကွက် နှစ်ကွက်ရယ်....တစ်ချက်တစ်ချက် အရမ်းလှုပ်ရှားလိုက်ရင် နည်းနည်းအောင့်တက်လာသော ဗိုက်လေးလောက်ပါဘဲ......
အမေ့မှာတော့ မိမိကို အရမ်းစိုးရိမ်နေကာ..၊.ဆရာဝန်က ဆေးရုံဆင်း၍ ရပြီဟုပြောတာကိုပင်... ရပါ့မလား....ဘယ်နားနာသေးလဲ..ဆေးရုံကတကယ်ဆင်းလို့ရပြီလားဟု အတော်ပင်စိုးရိမ်ခဲ့လေသည်။ ဟိုကောင် ထက်ရှိန်ဝါကိုလည်း
"တော်သေးတာပေါ့ ငါ့သားလေး လူကောင်းနဲ့တွေ့လို့သာပေါ့ ကံကြီးပေလို့...ဟိုကလေးလေး ကျန်းမာပါစေ..ချမ်းသာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေတော်.."ဟူ၍
မေတ္တာပို့နေသည်မှာ မဆုံးနိုင်တော့....ရေမိုးမြန်မြန်ချိုး အဝတ်အစားလဲပြီး.. အမေ့ အကြော်ပစ္စည်းများကို စက်ဘီးနဲ့ ထုတ်ရန်ပြင်လိုက်တော့ အမေကဘုရားဝတ်ပြုပြီးရာမှ သူ့ကိုမြင်သွားဟန်......
"သားသော်တာရယ် ဒဏ်ရာတွေက နာနေသေးတယ်မလား......ကျောင်းတစ်ရက်လောက်နားလို့ ဘာမှ မဖြစ်ပါဘူး....တစ်ရက်လောက်နားနားနေနေ နေလိုက်ပါအုံး.."
YOU ARE READING
နှောင်ဖွဲ့ခြင်း
Teen Fictionဒီficလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ဘာplotမှမချ အပိုင်းတိုင်းမှာ ဘာရေးမယ်လို့မစီစဉ်ထားဘဲ စိတ်ထဲရှိတဲ့အတိုင်းလေးကိုဘဲ တဖြည်းဖြည်းချင်းစီ ပုံဖော်သွားမှာပါ။ ယောကျာ်းလေးနှစ်ယောက်ကြားက သံယောဇဉ်တွေအချစ်တွေကို နူးနူးညံ့ ညံ့ နဲ့ သဘာဝကျကျလေး ပုံဖော်ရေးသွားမှာမဲ့...