Zawgyi❤
"သော်တာမင်းရေ......သော်တာမင်း......."
အိမ်ရှေ့မှမိမိနာမည်အော်ခေါ်သံကြောင့် သော်တာမင်းအိပ်နေရာမှ ရုတ်တရက်နိုးလာရသည်။မနက်စောစောထပြီး အမေ့အကြော်ပစ္စည်းတွေကို ဆိုင်သွားပို့ပေးပြီးနောက် ကျောင်းပိတ်ရက်ဖြစ်၍ အိမ်တံခါးတွေပြန်ပိတ်ပြီးအိပ်လိုက်သည်မှာ နာရီကိုကြည့်လိုက်တော့ ၁၀နာရီပင်ထိုးနေလေပြီ။
အပျင်းကြောတစ်ချက်ဆန့်ပြီးနောက် အိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။ မြင်လိုက်ရသည်က အကြော်ကြော်ရန်ပစ္စည်းများကို အမေမှာနေကြ အသီးအရွက်သည် ကြီးမေ..
"သြော်.......ကြီးမေ...ဗူးသီးလာပို့တာလား..."
ပြောလည်းပြော ယိုင်နဲ့နဲ့ခြံတံခါးလေးကိုလည်း ဖွင်ပေးလိုက်လေသည်။
"ဟုတ်တယ်သားရေ.....မင်း အမေမှာထားလို့ ကြီးမေလာပို့တာ....ဗူးသီးတွေရော ပြောင်းဖူးတွေရော...မင်းအမေကချန်ထားပေးပါဆိုလို့ ကြီးမေဆိုင်သိမ်းတာနဲ့ လာပို့ပေးတာ..."
မနိုင်မနင်းသယ်ထားသော ကြီးမေကြောင့်...
"ပေး...ပေး...ကြီးမေ သားကိုပေး.....သားအိပ်နေလို့ တံခါးလာဖွင့်တာကြာသွားတာ...၊.အားနာလိုက်တာ...အိမ်ပေါ်တက်ပါဦးကြီးမေရဲ့ ကော်ဖီလေးဘာလေးသောက်ရအောင်.."
"တော်ပါပြီ ငါ့တူရယ် ကြီးမေလုပ်စရာရှိလို့ ပြန်တော့မယ် ပစ္စည်းဖိုးက မင်းအမေငါ့ပေးပြီးပြီ။ သွားပြီနော် သော်တာမင်း..."
"ဟုတ်ဟုတ်"
သော်တာမင်းလည်း ကြီးမေထွက်သွားသောမှ ခြံတံခါးပြန်ပိတ်ပြီး ထိုပစ္စည်းများကို နောက်ဖေးတွင်ထားလိုက်ကာ ရေမိုးချိုးရန်ပြင်ဆင်လိုက်သည်။မနေ့ကလည်း ထက်ရှိန်ဝါနှင့် တံတားပေါ်နေဝင်ချိန်ကြည့်ပြီး ထိုကောင်တက္ကစီနှင့်ပြန်သွားတော့မှ အိမ်သို့ပြန်လာတော့ တော်တော်ပင် အမှောင်ကျနေလေပြီ....။ အိမ်ရောက်တော့လည်း မနက်ဖြန်ဆိုင်ထွက်ရန် လိုအပ်သည်များကို အမေ့ကိုဝိုင်းကူပေးပြီး စောစောပင်အိပ်ယာဝင်ခဲ့သည်။
ဒီနေ့တော့ တနေကုန်အားနေတာဘဲ......အမေ့ဆိုင်ကိုစောစောသွားကူအုံးမှပါ။ ရေမိုးချိုးပြီးနောက် စက်ဘီးပင်မယူတော့ဘဲ အိမ်တံခါး၊ခြံတံခါးများကို သော့ခတ်ပြီး အမေ့အကြော်ဆိုင်လေးသို့ ဦးတည်ခဲ့လေသည်။
YOU ARE READING
နှောင်ဖွဲ့ခြင်း
Teen Fictionဒီficလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ဘာplotမှမချ အပိုင်းတိုင်းမှာ ဘာရေးမယ်လို့မစီစဉ်ထားဘဲ စိတ်ထဲရှိတဲ့အတိုင်းလေးကိုဘဲ တဖြည်းဖြည်းချင်းစီ ပုံဖော်သွားမှာပါ။ ယောကျာ်းလေးနှစ်ယောက်ကြားက သံယောဇဉ်တွေအချစ်တွေကို နူးနူးညံ့ ညံ့ နဲ့ သဘာဝကျကျလေး ပုံဖော်ရေးသွားမှာမဲ့...