Part 9(Z&U)

289 27 11
                                    

Zawgyi❤

မဟူရာနေမင်းကြီးက အနောက်အရပ်သို့ တဖြည်းဖြည်းတိုးဝင်သွားသည်နှင့် ပတ်ဝန်းကျင်တွင် အလင်းရောင်တို့ တဖြည်းဖြည်းအားနည်းလာခဲ့သည်။ မနက်မိုးလင်းကတည်းက ဘဝဝမ်းစာရှာဖွေနေသူတို့ကလည်း....အလုပ်ခွင်မှ ပြန်လာကြချိန်ဖြစ်သောကြောင့် ရှုခင်းသာလမ်းမကျယ်ကြီးပေါ်တွင် လိုင်းကားများနှင့် ပြည့်နှက်နေပြီး ကားဟွန်းတီးသံများနှင့် ဆူညံနေလေသည်....

ထိုမျှမကသေး....ကားမှတ်တိုင်တို့တွင်လည်း လူများရှုပ်ရှက်ခက်လျက်ရှိသည်။

ခပ်လှမ်းလှမ်းမှလာနေသော မိမိစောင့်ဆိုင်းနေသည့် လိုင်းကားလေး ကိုမြင်လိုက်ရသောအခါ သော်တာမင်းတစ်ယောက်မျက်လုံးတို့ အရောင်လဲ့သွားရသည်။ ရပ်စောင့်နေရသည်မှာလည်း ၁၅မိနစ်လောက်ပင်ရှိနေ၍ နဖူးမှာ ချွေးသီးလေးတို့မှာ ဆို့နေသယောင်ယောင်ပင်....

မှတ်တိုင်ရောက်တော့.......ထိုကားပေါ်မှ လူအများအပြားဆင်းလာကြသည်။ သော်တာမင်းလည်း ထိုင်ခုံရေရရှိရေးအတွက် ခပ်မြန်မြန်လေး တက်လိုက်တော့....ကံကောင်းသည်ဟုပင်ဆိုရမည်။

ထိုင်ခုံတစ်နေရာလွတ်နေသောကြောင့် သူမြန်မြန်ဝင်ထိုင်လိုက်သည်။ ထို့နောက် နဖူးတွင် စို့နေသော ချွေးစလေးများကို
လက်နှင့် အသာအယာပွတ်သပ်ပြီး....

"ဟူး.....တော်သေးတာပေါ့.....သာကေတနဲ့လှည်းတန်းဒီလောက်ဝေးတာ....၊ ခုံရလိုက်လို့ မဟုတ်လို့ကတော့ ဒူးချောင်နေတာနဲ့သေမှာဘဲ....အားပါးပါး..."

တနင်္ဂနွေနေ့ဖြစ်သောကြောင့် အမေ့အကြော်ဆိုင်လေးကို ကူသိမ်းပြီးသည်နှင့် အချိန်ပိုင်းအလုပ်လေးရှိရာ လှည်းတန်းရှိ Barလေးတစ်ခုကိုထွက်လာခဲ့ခြင်း....
အမေကတော့ ထိုbarတွင် အလုပ်လုပ်သည်ကို မကြိုက်ပေ...အန္တရာယ်တစ်စုံတစ်ခုဖြစ်နိုင်သည်ဟုဆိုကာ သူလုပ်မည်ပြောတုန်းက တားခဲ့သေးသည်။

သို့သော် တက္ကသိုလ်ဝင်တန်းဖြစ်သောကြောင့် ကျူရှင်မယူသော်ငြား........စာရွက်စာတမ်းစရိတ်...မေးခွန်းဟောင်းစရိတ်....စာရေးကိရိယာစရိတ်တို့ကို အမေ့ဆီမှ လက်ဖြန့်မတောင်းချင်ပေ.....၊

နှောင်ဖွဲ့ခြင်းWhere stories live. Discover now