{ Zawgyi }
ငါတို့နှစ်ယောက်ကြား...တစ်ခြားသူဝင်လာမှာ ကြောက်မိတယ်...မင်းကိုငါ့အနားကနေဆွဲထုတ်သွားမှာငါကြောက်မိတယ်...မင်းကိုအဆုံးရှုံးမခံနိုင်ဘူး~~~
💕💕💕💕💕💕💕💕💕💕💕💕💕💕💕
ကျေးငှက်လေးတွေရဲ့တီတီတာတာတွန်ကြူးနေတဲ့အသံများနဲ့လှပလွန်းတဲ့မနက်ခင်းလေး...ဒီဇင်ဘာမြူနှင်းလေးတွေကအလှပိုတိုးအောင်ဖြည့်ဆည်းပေးနေသယောင်။
Jungkookလဲကျောင်းသွားရန်အိမ်အပေါ်ထပ်မှဆင်းလာခဲ့တယ်။အောက်ကဂျင်းဘောင်းဘီအပြဲနှင့်ဆံပင်ကိုဖွာ၍ထားသည်မှာလူမိုက်တစ်ယောက်ပုံစံအလား။
''သား...kookieကျောင်းသွားတော့မလို့လား''
''ဟုတ်...omma.. ဒါနဲ့လေ သားကိုမုန့်ဖိုးပေးပါဦး...ဟီးးး''
ကလေးလေးတစ်ယောက်လိုရယ်ပြကာ...မုန့်ဖိုးတောင်းနေတဲ့ပုံစံက ဒေါသထွက်လွယ်ပြီးအရမ်းဆိုးတဲ့Jungkookမဟုတ်သလိုပင်။
''ဟင်...သားကိုဟိုနေ့ကပဲပေးထားတယ်လေ''
''ommaကလဲ ဘယ်လိုလုပ်လောက်မှာလဲအဲ့ပိုက်ဆံနည်းနည်းလေးနဲ့...ကုန်ပြီပေါ့လို့''
''အေးပါ...ကုန်သွားရင်ommaထပ်ပေးမယ်...ခဏစောင့်နေ''
ommaကပိုက်ဆံယူရန်ထွက်သွားချိန် jungkookတစ်ယောက်မျက်လုံးများကအငြိမ်မနေ...တစ်ယောက်ယောက်ကိုရှာနေသယောင်။ထိုစဉ်.
''ဘာရှာနေတာလဲ kookie လေး''
''သြော်...omma ဘာမှမရှာပါဘူး''
''ရော့...ဒီမှာမုန့်ဖိုး...တနေ့ထဲတော့အကုန်မသုံးနဲ့ဦး''
''ဟုတ်ကဲ့ပါommaရဲ့...ဒါ့ကြောင့်ommaကိုချစ်တာ''
ဆိုကာommaပါးကိုရွှတ်ကနဲနမ်းလိုက်လေသည်။
''ဒါနဲ့...သား Taehyungလေးကိုရှာနေတာလား''
''ဟာ..ommaကလဲသူ့ကိုဘာလို့ရှာရမှာလဲ...သားသွားတော့မယ်''
ဆိုကာအိမ်မှအထွက် jungkook, ommaအော်ပြောလိုက်တဲ့စကားကြောင့် သွားနေတဲ့ခြေလှမ်းတွေရုတ်တရတ်ရပ်တန့်သွားခဲ့ရသည်။
''Taehyungလေးကဒီနေ့ကျောင်းမတတ်ဘူးတဲ့..အခုအဒေါ်ကြီးကင်နဲ့ဆေးခန်းသွားကြတယ်''
YOU ARE READING
DON'T LEAVE ME { Completed }
Fanfiction( အရင်accကဝင်မရတော့လို့ဒီမှာပြန်တင်ထားတာပါ) { Zawgyi + Unicode } မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... #Taekook