{ Zawgyi }
လူတစ်ချို့ကပြောကြတယ်။အချစ်စစ်တို့လမ်းမည်သည် မဖြောင့်ဖြူးဘူးတဲ့။အချစ်စစ်တို့ရဲ့လမ်းဟာ မလွယ်ကူဘူးတဲ့။ငါတို့နှစ်ယောက်ရဲ့အချစ်ကကော...
တစ်ယောက်နဲ့တစ်ယောက် သေလောက်အောင်မုန်းခဲ့ကြပါပေမဲ့ အမုန်းတရားထဲကနေချစ်ခြင်းတွေပေါက်ဖွားလာခဲ့တယ်။ချစ်ခြင်းတွေကြီးမားလာတာနဲ့အမျှ မင်းကိုလက်လွှတ်ရမှာကို ကိုယ်ကြောက်လာတယ်။မင်းအနားလေးမှာပဲ အမြဲနေချင်လာတယ်။
ဟိုးရှေးပုံပြင်ထဲကလို မင်းသားနဲ့မင်းသမီး အခက်အခဲပေါင်းများစွာကျော်ဖြတ်ပြီးမှ ဇာတ်သိမ်းခန်းမှာပေါင်းဖက်ရသလို...ကိုယ့်ရဲ့ဘေးနားမှာ Kim Taehyungဆိုတဲ့မင်းလေးသာရှိရင် ဘယ်အခက်အခဲမဆိုရင်ဆိုင်ကျော်ဖြတ်ဖို့အဆင်သင့်ပဲ။ဆူးခင်းလမ်းမကလို့ ချွန်မြနေတဲ့ဓားသွားတွေစီးတန်းထားတဲ့လမ်းပဲဖြစ်နေပါစေ ဇာတ်သိမ်းမှာပျော်ရွှင်စွာနဲ့ပေါင်းဖက်နိုင်မယ်ဆို ကိုယ်ဖြတ်ကျော်ရဲတယ်။
သို့ပေမဲ့လည်း...အရာအားလုံးဖြတ်ကျော်ပြီးပါရဲ့...ပျော်ရွှင်စွာအတူတူပေါင်းဖက်ဖို့အခွင့်အရေးမပေးတဲ့ကံကြမ္မာဆိုတာကြီးကို ကိုယ် မုန်းမိတာ မှားလား။
----------💗💗💗
"မင်းတို့နှစ်ယောက်ကလဲ အိမ်တွင်းပုန်းနေလိုက်တာ ...အခုမှပဲထွက်လာတော့တယ်"
"အေးလေ...ဒါနဲ့ မင်းတို့နှစ်ယောက်အကြောင်းအိမ်ကသိသွားလို့ဆို...ဘယ်လိုလဲ အခြေအနေလေး"
"ဘာမှမဖြစ်ဘူး...ငါတို့နှစ်ယောက်လုံးကိုသဘောတူတယ်...ငါတို့ပျော်ရွှင်နေရင်ရပြီတဲ့"
"ဩော်...ဒါ့ကြောင့်မင်းတို့က အိမ်ထဲမှာပဲ dateနေကြတာကို..."
"မဟုတ်ပါဘူးကွာ...ဒါနဲ့ Jiminie မင်းဆီ Yoongi hyung phဆက်သေးလား"
"မဆက်ပါဘူး...ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး အခုတလော hyungပျောက်နေလို့ အဆက်အသွယ်လဲမရဘူး"
"ထားလိုက်ပါ စိတ်ပူမနေနဲ့ တနေရာမှရှိနေမှာပေါ့"
"နေပါဦး Jimin မင်းနဲ့ Yoongi hyungနဲ့ဘာဖြစ်ထားကြတာလဲ..."

CZYTASZ
DON'T LEAVE ME { Completed }
Fanfiction( အရင်accကဝင်မရတော့လို့ဒီမှာပြန်တင်ထားတာပါ) { Zawgyi + Unicode } မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... #Taekook