Part - 8

462 31 1
                                    

{ Zawgyi }

ပြောင်းလဲလို့မရတော့ဘူး...
    ငါတို့နှစ်ယောက်ရဲ့အဆုံးသတ်ကို...
          ကံကြမ္မာက ဆုံးဖြတ်ပေးပြီးသား...

💕💕💕💕💕💕💕💕💕💕💕💕💕💕💕

ကျောင်းဝန်းထဲရှိ ခုံတန်းတစ်ခုတွင် Jungkook, Namjoon နဲ့ Jin တို့ထိုင်ကာနေကြသည်။

Jungkook ကတော့ထုံးစံအတိုင်း phဖြင့်ဂိမ်းကစားနေလေသည်။Jin နဲ့ Namjoonတို့နှစ်ယောက်ကတော့ ဝယ်လာသမျှမုန့်တွေကိုထိုင်စားနေလေရဲ့။

''Jin.. မင်းကိုဒုတိယနှစ်ကကောင်မလေးတစ်ယောက်ကစာပေးတယ်ဆို''

''အေး...ဟုတ်တယ်လေ...မင်းလဲသိတဲ့အတိုင်းငါကအရမ်းချောနေတော့လည်း ကောင်မလေးတွေကတမ်းတမ်းစွဲဖြစ်နေကြတာပေါ့...''

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့်ပြောလာတဲ့Jinကိုကြည့်ရင်း namjoonကတော့ မျက်နှာကိုမဲ့ရွဲ့ ပြကာဖြင့်...

''အေး...အေး မေးမိတဲ့ငါကပဲမှားပါတယ်''

''ဒါနဲ့ Jungkook... မင်းရောရည်စားလေးဘာလေးထားဖို့အစီအစဉ်မရှိဘူးလား''

ရုတ်တရတ်ထမေးလိုက်တဲ့ Jinရဲ့အမေးကို namjoonကလဲထောက်ခံဟန်ဖြင့်  Jungkookရဲ့အဖြေကိုစောင့်နေလေသည်။

Jinရဲ့အမေးစကားကြားသည်နှင့် Jungkookဂိမ်းကစားနေတဲ့လက်တွေရပ်တန့်သွားပြီး...

ရည်းစား???သူ့ရဲ့ဘဝမှာရည်စားဆိုလို့တစ်ယောက်တောင်မထားခဲ့ဖူးပါ။အချစ်??? အချစ်ဆိုတာဘာလဲ သူကိုယ်တိုင်တောင်သေချာမသိ။

ဟုတ်သည်။ကျောင်းမှာ Jeon Jungkookဆိုတဲ့သူ့ကိုကြိုက်တဲ့သူတွေမှတစ်ပုံကြီး။တစ်ကျောင်းလုံးရဲ့ Queen ကပင် အပါအဝင်။သို့သော်...တစ်ယောက်မှကိုစိတ်မဝင်စား။တစ်ချို့တွေကသူ့ကို နှလုံးသားမရှိတဲ့သူ လို့တောင်ကွယ်ရာမှာပြောကုန်ကြသည်။ဒါတွေကိုသူဂရုမစိုက်။အမှန်တွေပဲမလား။

သို့သော်...ဘယ်သူသိနိုင်မလဲ???Jeon Jungkookဆိုတဲ့လူသားမှာ အရမ်းနွေးထွေးတဲ့နှလုံးသားတစ်စုံရှိနေမယ်ဆိုတာ...

Jungkook လဲအတွေးတွေကိုရုတ်သိမ်းလိုက်ပြီးပြန်ဖြေလိုက်သည်က

DON'T LEAVE ME { Completed }Where stories live. Discover now