{ Zawgyi }
PLEASE......
DON'T LEAVE ME~~~~~~~~💕💗💗💗💕💗💗💗💕💗💗💗💕💗💜
ငါမင်းကိုချစ်တယ် Taehyung...
ငါမင်းကိုမချစ်ဘူး Taehyung...
ချစ်တယ်။မချစ်ဘူး။စကားလေးနှစ်ခွန်းထဲဆိုပေမဲ့ Jungkookတွေဝေနေမိသည်။
ငါဘာပြန်ဖြေရမလဲ???
"ငါ Taehyungကို......"
Jungkookကလည်း Taeကိုအကြည့်...Taeကလည်း Jungkookကိုမော့အကြည့်...သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်အကြည့်ချင်းဆုံသွားခဲ့သည်။
"ငါမင်းကို ...ချ.........စ်-"
!!တီ...တီ!!
ကားဟွန်းတီးသံနှင့်အတူ ခြံရှေ့မှကားမီးရောင်ကြောင့် အကုန်လုံးရဲ့အကြည့်တွေဟာ ခြံရှေ့ဆီသို့။
"အဲ့တာ HoSeok hyung ကားပဲ...Hyungကတကယ်လာတာပဲ"
Jiminရဲ့စကားကြားတော့ Jungkookအလိုလိုမျက်မှောင်ကျုံ့ လိုက်မိသည်။
သူကဘာလာလုပ်ပြန်တာလဲ!!
"ငါခြံတံခါးသွားဖွင့်ပေးလိုက်မယ်"
ဆိုကာ လုံးတုံးတုံးနဲ့ထသွားတဲ့ Taehyungကိုကြည့်ရင်း Jungkookရေရွတ်လိုက်မိတာက...
"ငါမင်းကိုအရမ်းချစ်တယ် Tae... "
ထို Jungkookရဲ့ အဖြေစကားကိုတော့ဘယ်သူမှမကြားခဲ့။
~~~~~~~~~~~~🍂🍁🍂🍁
"Hyungကဘယ်လိုလုပ် Busanဘက်ရောက်နေတာလဲ...အလုပ်ကိစ္စနဲ့လား"
"အင်း ဟုတ်တယ် ဒီကကျောင်းတစ်ကျောင်းမှာအလုပ်ကိစ္စလေးတစ်ခုရှိလို့ရောက်လာတာ..."
Hk.. အလုပ်ကိစ္စ!...ခင်ဗျားရဲ့အလုပ်ကိစ္စက Taeရဲ့နောက်ကိုလိုက်နေရတဲ့အလုပ်လား!
Jungkook... သူ့နဲ့မျက်နှာချင်းဆိုင်မှာထိုင်ရင်း သူ့ကိုတောင်သတိမရ နှစ်ယောက်ထဲစကားတွေပြောနေတဲ့ Taehyungနဲ့ HoSeokကို မဲ့ပြုံးတွေနဲ့ကြည့်နေရင်း အရှေ့ကဘီယာကိုသာ အဆက်မပြတ်သောက်နေလေသည်။
💛
"H yu ng.~~Hyungလို့...ခေါ်...နေတယ်ေ လ...Hy u ng~~~"
Hyungဆိုတဲ့အသံကို အသံရှည်ဆွဲခေါ်ရင်း ရစ်နေတဲ့ကောင်လေး။
YOU ARE READING
DON'T LEAVE ME { Completed }
Fanfiction( အရင်accကဝင်မရတော့လို့ဒီမှာပြန်တင်ထားတာပါ) { Zawgyi + Unicode } မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... #Taekook