{ Zawgyi }
~တစ်ယောက်နဲ့တစ်ယောက် သေလောက်အောင်မုန်းခဲ့ကြပေမဲ့...ရူးမိုက်စွာချစ်ချင်မိတယ်...သို့သော်..~
💕❣💕❣💕❣💕❣💕❣💕❣💕❣💕❣💕❣💕
Jungkookတစ်ယောက်အိပ်ချင်မူးတူးဖြင့်ကားပေါ်ကဆင်းလာတဲ့ကောင်လေးလက်ကိုသူကိုယ်တိုင်မသိလိုက်ပဲဆွဲခေါ်လာခဲ့တယ်။အထဲရောက်တော့ကောင်လေးမေးလိုက်သည်က ''ငါ့ကိုဘာလို့ဒီခေါ်လာတာလဲ'' တဲ့။သူမေးတဲ့မေးခွန်းအတွက်jungkookမှာအဖြေမရှိ။
ဒန်းပေါ်မှာထိုင်ပြီးစာလုပ်နေသည့်Taeကိုသူအတင်းခေါ်လာခဲ့သည်မဟုတ်လား။
Jungkookလဲပုခုံးသာတွန့်ပြပြီးသူ့သူငယ်ချင်းကောင်မလေးနဲ့စကားသွားပြောခဲ့တယ်။
ဒါပေမဲ့...Jungkookတစ်ချက်ပြန်လှည့်ကြည့်လိုက်တော့Taeကိုမတွေ့ ရ။ချက်ခြင်းပင်မခိုင်းစေပါပဲ မျက်လုံးတွေကများပြားလှတဲ့လူကြားထဲ Taeကိုလိုက်ရှာနေမိသည်။
နောက်ဆုံးလိုက်ရှာရင်းမြင်လိုက်ရသည်က...
Taeရဲ့လက်ကိုဖိညှစ်ကိုင်ပြီးအနားတိုးကပ်သွားနေတဲ့လူတစ်ယောက်။လူတစ်ယောက်ဆိုတာထက်သေခြင်းတရားဆီခြေလှမ်းနေတဲ့လူကြီးတစ်ယောက်ဆိုပိုမှန်မည်။အသက်ကဖြင့်သေတော့မယ် တဏှာကထနေတုန်း...Jungkookလဲဘာမှတွေးမနေတော့ပဲထိုလူကြီးဆီသွားကာနှစ်ချက်သုံးချက်လောက်ဆင့်ထိုးခဲ့ပြီး...သူကိုယ်တိုင်ပင်မသိလိုက်ပဲပြောထွက်လိုက်သည့်စကားက...
''သူကငါရဲ့ကောင်လေး''
💛💛💛💛💛💛💛💛💛💛💛💛💛💛💛
Jungkookအခုထိကြောင်တောင်တောင်ဖြစ်နေတဲ့Taeရဲ့လက်ကိုဆွဲကာထိုအဆောက်အအုံထဲကထွက်လာခဲ့လိုက်သည်။
အရှေ့လမ်းပေါ်ရောက်သည်နှင့်...Taeရဲ့လက်ကိုအကြမ်းပတမ်းလွှတ်ချလိုက်ကာ...''တောက်''တစ်ချက်ခေါက်ပြီး...
''ဒီမှာ Kim Taehyung!!! ...မင်းဘာဖြစ်ချင်နေတာလဲ!!!''
''.........''
Taehyungပြန်မဖြေသည်မှာjungkookရဲ့ဒေါသကိုပိုဆွနေသယောင်...
''ငါမေးနေတယ်လေ!Kim Taehyung!!... hk...ဘာလဲ...မင်းကငါတို့အိမ်မှာမနေချင်တော့လို့အခွင့်အရေးရတုန်းသူဋ္ဌေးကြီးတစ်ယောက်လောက်အပိုင်ဆွဲဖို့ဂွင်ဆင်နေတာလား''
VOUS LISEZ
DON'T LEAVE ME { Completed }
Fanfiction( အရင်accကဝင်မရတော့လို့ဒီမှာပြန်တင်ထားတာပါ) { Zawgyi + Unicode } မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... #Taekook