Part - 15

410 27 0
                                    

{ Zawgyi }

ချစ်တယ်...မင်းမိုလို့ကိုချစ်တာ...
မင်းတစ်ယောက်ထဲကိုပဲချစ်တာ...

💞💞💞💞💞💞💞💞💞💞💞💞💞💞💞

Jungkook တစ်ယောက်အပေါ်ထပ်လှေကားမှဆင်းလာနေသည်။လှေကားတစ်ထစ်ကိုဆင်းလိုက်တိုင်း အတိတ်ကမှတ်ဥာဏ်များကိုပြန်မြင်ယောင်လျက်။မျက်ဝန်း၌လည်းတဖြေးဖြေးဖြင့် မျက်ရည်စများရစ်ဝဲခိုလာသည်။

သူတို့ခြောက်ယောက် Busanရှိ Jungkookရဲ့အပန်းဖြေစံအိမ်ကြီးကိုရောက်နေပြီဖြစ်သည်။

Jungkook,..သူချစ်ရတဲ့ Appa, သူရဲ့အစ်ကိုတို့နဲ့နောက်ဆုံးအကြိမ်ပျော်စံခဲ့ကြတဲ့နေရာလေး၊ဒီအပန်းဖြေအိမ်ကြီးဟာ သူ့အတွက်တော့ ဘယ်တော့မှမေ့ဖျောက်မရနိုင်တဲ့ အမှတ်တရပေါင်းများစွာရှိတဲ့နေရာ။

အိမ်ရဲ့ဧည့်ခန်းထဲမိသားစုတွေအတူထိုင်ကာပျော်ရွှင်စွာနဲ့ TVကြည့်နေကြတဲ့ပုံရိပ်တွေ၊မီးဖိုချောင်အခန်းထဲ၌ Jungkookနဲ့သူ့ အစ်ကိုတို့ ommaကိုမကူတတ်ကူတတ်ဝိုင်းကူလုပ်ပေးနေကြတဲ့ပုံရိပ်တွေ၊ခြံထဲကြည့်လိုက်ပြန်တော့လည်း...ခြံထဲရှိဒန်းပေါ်မှာjungkookထိုင်ကာ သူ့ရဲ့အစ်ကိုကအနောက်ကနေလွှဲပေးနေတဲ့ပုံရိပ်တွေ၊ များပြားလှတဲ့မေ့မရနိုင်သေးတဲ့ပုံရိပ်တွေကတစ်ခုချင်းစီ Jungkookမှတ်ဥာဏ်မှာပြန်လည်မြင်ယောင်လာလေသည်။

အာ့!

အတိတ်ဆီမှဖြစ်ရပ်တွေနဲ့အတူ ရုတ်တရတ်ထိုးကိုက်လာတဲ့ဦးခေါင်း။

Jungkookသူ့ရဲ့ဦးခေါင်းကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ရင်း နေရာ၌ပင်လှဲချလိုက်ကာ...

"အားးး!...T.. Tae... Taehyung... အားးး ငါ...ငါ့ခေါင်းတွေအရမ်းကိုက်နေတယ်...အားးး"

သူဒီလိုဖြစ်နေချိန် ပထမဆုံးသတိရမိတာက သူချစ်ရတဲ့သူ။

"အားးး...ခေါင်းကိုက်တယ်!!..."

ခေါင်းကိုလက်နှင့်ဆုပ်ကိုင်ရင်းအော်ဟစ်နေတဲ့ Jungkook....

ခေါင်းတစ်ခုလုံးတဆစ်ဆစ်နဲ့ထိုးကိုက်နေသည်မှာ နားထင်ရှိသွေးကြောများပင်ပေါက်ထွက်တော့မည့်အတိုင်း။

ထိုစဉ်..လှေကားမှဆင်းလာတဲ့ Taehyung...

ဧည့်ခန်းထဲက Jungkookကိုမြင်တော့...

DON'T LEAVE ME { Completed }Tempat cerita menjadi hidup. Temukan sekarang