{ Zawgyi }
ငါနှလုံးသားထဲစိုက်ဝင်နေတဲ့မင်းဆိုတဲ့မြှားက...
အဆိပ်တွေပါနေတယ်...
နှုတ်ပစ်လဲနာကျင်ရသလို...
မနှုတ်ပစ်လဲနာကျင်ခံစားရမှာပဲ...
ငါ့မှာရွေးချယ်ခွင့်မရှိခဲ့ဘူး ~~~💘💘💘💘💘💘💘💘💘💘💘💘💘💘💘
လပြည့်နေ့ဖြစ်သည်မို့ ပတ်ဝန်းကျင်တစ်ခွင်လရောင်ကနေရာယူထားလေသည်။တစ်လက်လက်တောက်ပနေတဲ့ကြယ်လေးတွေကလဲ ကောင်းကင်ထက်နေရာယူလျက်။အလှကိုပိုဖြည့်ပေးနေသယောင်။
လရောင်အောက်ရှိ တိုက်ခန်းတစ်ခုရဲ့ဝရန်တာမှာတော့ ကောင်လေးတစ်ယောက်ထိုင်ကာနေသည်။သူ့ကြည့်ရသည်မှာ တစ်ခုခုကိုအလေးအနက်တွေးနေဟန်။ထိုသူကား Kim Taehyung ပင်။
သူ့လုပ်ရပ်တွေမှန်လား၊မှားလားသေချာမသိပါ။သူ့အပေါ်အမြဲအနိုင်ယူဒုက္ခပေးခဲ့တဲ့သူကိုဒီလောက်တော့အပြစ်ပေးသင့်သည်မဟုတ်လား။
သို့သော်...
သူတစ်ခုခုဖြစ်မှာကိုဘာလို့စိုးရိမ်နေရတာလဲ??
သူ့ကိုအမြဲတမ်း အနားကမထွက်သွားပါနဲ့ ၊ တောင်းပန်ပါတယ် အမြဲပြောနေခဲ့တဲ့သူ ...သူအဆင်ရောပြေရဲ့လား။သူ့ကိုနာကျင်ခံစားစေချင်ရန်ရည်ရွယ်ပြီး ထွက်လာခဲ့ပေမဲ့ ဘာလို့ငါကနာကျင်နေရတာလဲ??ကစားပွဲမစရသေးခင် အရှုံးပေးလိုက်တော့မှာလား Kim Taehyung!....
~~~~~~~~~~🌕⭐🌟🌕✨
ဖြာကျနေတဲ့လရောင်အောက်ထိုင်နေတဲ့ကောင်လေးဟာ လူသားတစ်ယောက်မှဟုတ်ရဲ့လား ဟု HoSeokတစ်ယောက်တွေးမိသည်။
ဘေးတစ်စောင်းမြင်နေရတာတောင် ပြောစရာမရှိပြည့်စုံလွန်းတဲ့ကောင်လေးကို Hoseok ဆိုဖာပေါ်မှာထိုင်ရင်းငေးကြည့်နေမိသည်မှာ ဘယ်လောက်တောင်ကြာသွားလဲမသိ။
ဟင်! ကောင်လေးပါးပေါ်မှာမျက်ရည်တွေ...
ကောင်လေးငိုနေတာလား???ကောင်လေးငိုနေတယ်ဆိုတဲ့အသိကြောင့် ချက်ခြင်းပင်ထိုင်နေရာမှ ဝရန်တာဘက်ကိုဦးတည်သွားခဲ့တယ်။
"Tae.... ဘာဖြစ်လို့လဲ...ဘာလို့ငိုနေတာလဲ"
"ဟင်!..."

KAMU SEDANG MEMBACA
DON'T LEAVE ME { Completed }
Fiksi Penggemar( အရင်accကဝင်မရတော့လို့ဒီမှာပြန်တင်ထားတာပါ) { Zawgyi + Unicode } မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... #Taekook