{ Zawgyi }
ရင်ဆိုင်မယ်...ချစ်ရသူနဲ့အတူနေနိုင်ဖို့ ပြိုင်ဘက်ကဘယ်သူပဲဖြစ်နေပါစေ...အရှုံးမပေးပဲရင်ဆိုင်မယ်...
အခန်းတစ်ခုအတွင်း သတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နှင့် လူငယ်တစ်ဦးထိုင်နေကြသည်။
လေထုအခြေအနေမှာလည်း တိတ်ဆိတ်နေသလို။
"မင်း ဘယ်လိုဆက်လုပ်မှာလဲ..ဒီအတိုင်းဆက်သွားရင်အခြေအနေတွေက ပိုဆိုးလာလိမ့်မယ်...ဒါ့ကြောင့် မင်းအမေကိုအကျိုးအကြောင်းဖွင့်ပြောပြီး ခွဲစိတ်-"
"အဆင်ပြေသွားမှာလား..."
"ဟင်!"
တည်ငြိမ်စွာမေးလာတဲ့ Jungkookစကားကြောင့် Dr. ကြောင်အသွားမိသည်။
"ခွဲစိတ်လိုက်ရင် အရာအားလုံးအဆင်ပြေသွားမှာလား!...ခွဲစိတ်လိုက်မယ်ဆို အရင်လိုပဲပြန်နေနိုင်မှာလား!...ခွဲစိတ်မှုကအောင်မြင်မှာလား?.."
နောက်ဆုံးမေးခွန်းမှာ Jungkookရဲ့အသံ ဟာ ငိုသံစွတ်နေသယောင်။
"ဒါက-......"
"Hk!... မသေချာဘူးမလား!...အောင်မြင်ဖို့ရာခိုင်နှုန်းနည်းနေတဲ့ဒီခွဲစိတ်မှုကို ကျတော်ကဘာလို့ လုပ်ရမှာလဲ?...ခွဲစိတ်နေတုန်း တခုခုဖြစ်သွားခဲ့ရင်?......ဟင့်အင်း...ကျတော်လုံးဝခွဲမစိတ်ဘူး!...အခုတစ်စက္ကန့်လေးကတောင် ကျတော့်အတွက်တန်ဖိုးရှိတယ်...ဒီအချိန်တွေကိုဆေးရုံမှာဆေးကုသမှုခံရင်းမကုန်ဆုံးနိုင်ဘူးး!..."
"ဒါပေမဲ့ အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းလဲရှိနေတယ်လေ!...ဒါကိုသာမင်းသေချာကျော်ဖြတ်နိုင်ရင်-"
Hyung.. ကျတော်ခွဲစိတ်မှာကိုကြောက်နေတာမဟုတ်ဘူး။ကျတော်ချစ်ရတဲ့သူနာကျင်မှာကိုကြောက်တာ။သူသာသိသွားခဲ့ရင် သူဘယ်လောက်ခံစားရမလဲ?အဲ့အတွေးတွေတွေးတိုင်း အရမ်းကြောက်မိလာတယ်။အဆင်သင့်မဖြစ်သေးဘူး...ကျေးဇူးပြု၍...
"တော်ပါ!...ကျတော်အခုလာတာ ဆေးကုန်သွားလို့လာယူတာ!...hyungရဲ့စကားတွေကိုနားထောင်ဖို့လာတာမဟုတ်ဘူး!...ကျတော်သွားတော့မယ် hyung! "
"ဒါပေမဲ့...Jungkook!.. Jungkook!! "
ပြောပြီး အရှေ့ချထားတဲ့ဆေးဘူးကိုယူကာ ထွက်သွားတဲ့ Jungkookကိုကြည့်ရင်း Dr. တယောက် စိတ်ညစ်စွာ ခေါင်းခါမိသည်။
BẠN ĐANG ĐỌC
DON'T LEAVE ME { Completed }
Fanfiction( အရင်accကဝင်မရတော့လို့ဒီမှာပြန်တင်ထားတာပါ) { Zawgyi + Unicode } မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... #Taekook