{ Zawgyi }
မင်းမြင်လား...မင်းကြောင့်ကျခဲ့ရတဲ့ငါ့မျက်ရည်တွေ..
ဘယ်မြင်ပါ့မလဲ...ငါ့ရဲ့နာကျင်ငိုကြွေးမှုကမင်းရဲ့ပျော်ရွှင်မှုမလား...💓💕💓💕💓💕💓💕💓💕💓💕💗💕💓
''သား...ဒီနေ့ကျောင်းမသွားဘဲ အိမ်မှာပဲနေလိုက်လေ''
''ရပါတယ်ommaရဲ့...ဒီနေ့အရေးကြီးတဲ့အတန်းချိန်တွေရှိတယ်''
''ဒါပေမဲ့ သားမှနေမကောင်းတာ''
''Taeနေကောင်းပါတယ်...စိတ်မပူပါနဲ့...Taeသွားတော့မယ်နော်''
Tae'ommaလဲပြောမရတဲ့အဆုံးခေါင်းသာညိမ့်ပြလိုက်သည်။စိတ်ပူတာပေါ့Taeကသူမအတွက်အရမ်းချစ်ရတဲ့တစ်ဦးတည်းသောသားလေးမဟုတ်လား...
Taeတစ်ယောက်မနေ့ကဖြစ်ရပ်တွေရဲ့ ရလဒ်အနေဖြင့်ဖျားနေပြီဖြစ်သည်။ခြေထောက်ကဒဏ်ရာကလဲရောင်နေပြီးလမ်းလျှောက်ရတာအဆင်မပြေ။တစ်ခေါင်းလုံးလဲချာချာလည်မူးနေပြီးတစ်ကိုယ်လုံးလဲနှုံးချိနေသလို။သို့သော် ကျောင်းသို့ရောက်အောင်သွားရမည်။Taeကကျောင်းမှာစာတော်တဲ့ကျောင်းသားတစ်ယောက်မဟုတ်ပါလား။ဒီနေ့ကျောင်းမှာအရေးကြီးအတန်းချိန်တွေရှိတဲ့အတွက်Taeလဲဖြေးဖြေးချင်းသာလမ်းလျှောက်ရင်းကျောင်းသို့ဦးတည်သွားခဲ့တယ်။
🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶🚶
ဘဝတက်လမ်းအတွက်လှေကားတစ်ခုဖြစ်သည့်တက္ကသိုလ်ဆိုတဲ့ကျောင်းဝင်းကြီးကိုသူတို့တတ်နေကြရသည်။တက္ကသိုလ်ကဘွဲ့ ရပြီးသူတို့ရဲ့ကိုယ်ပိုင်ရည်မှန်းချက်အသီးသီးကိုလျှောက်လှမ်းကြသည်။
Taeမှာလဲရည်မှန်းချက်တစ်ခုရှိတယ်။တစ်နေ့ဘွဲ့ ရပြီးအလုပ်ရတဲ့နေ့ Jeon Jungkookဆိုတဲ့လူသားအိမ်ကနေommaကိုခေါ်ပြီးထွက်သွားမည်။
Taeလဲကိုယ့်အတွေးနဲ့ကိုယ်လျှောက်လာရင်းကျောင်းရှေ့ရောက်နေပြီဖြစ်သည်။ကျောင်းထဲကိုဝင်လာရင်း...
''Taehyung... ဟေ့!...Kim Taehyung''
အနောက်ကခေါ်သံကြောင့်Taeလဲလှည့်ကြည့်လိုက်တဲ့အခါ...
''အော်... Nam Joon''
''မင်းကလဲခေါ်လိုက်ရတာ...ဒါနဲ့မင်းခြေထောက်သက်သာလား''

BINABASA MO ANG
DON'T LEAVE ME { Completed }
Fanfiction( အရင်accကဝင်မရတော့လို့ဒီမှာပြန်တင်ထားတာပါ) { Zawgyi + Unicode } မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... မုန်းတီးခြင်းများဖြင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က... #Taekook