Ep33

7.3K 607 16
                                    


Zaw

လက်ကိုအတင်းဆွဲပြီးကားပေါ်ကိုခေါ်သွားတဲ့ဝမ်ရိပေါ်ကြောင့်
သူနဲ့သာဆက်ငြင်းခုန်နေရင်သမီးလေးရဲ့ပထမဆုံးမူကြိုရက်လေး
နောက်ကျသွားမည်စိုး၍ရှောင်ကျန့်ငြိမ်ငြိမ်လေးလိုက်သွားသည်

မူကြိုရှေ့ရောက်တော့ ရှောင်မိန်လိုအရွယ်လောက်လေးတွေရှိ
တဲ့ကလေးများကိုမူကြိုလာအပ်တဲ့ကလေးအမေများသာရှိသည်
မိန်းမသားများကြားထဲမှာရှောင်ကျန့်တယောက်ထဲကြားညှပ်နေ
တာမို့အနေခက်ရသည်.....

မူကြိုကျောင်းအပေါက်ဝနားမှာမိဘတွေကမူကြိုအပ်ဖို့စောင့်နေ
ကြသည်.....ရှောင်ကျန့်လည်းသူ့သမီးလေးရဲ့လက်ကိုတွဲကာ
ကျောင်းအပ်ဖို့စောင့်နေတုန်းဘေးကနေလာနှူတ်ဆက်တဲ့အသံ
ကြောင့်လှည့်ကြည့်မိလိုက်တော့.....

"ဒီကမောင်လေးကသမီးလေးကိုမူကြိုလာအပ်တာထင်တယ်....."

"အာ ဟုတ်တယ်ဗျ....."

လူစိမ်းအသံကြောင့်သမီးလေးကလက်ကိုတင်းနေအောင်ဆုပ်
ကိုင်လာပြီးရှောင်ကျန့်ရဲ့ကိုယ်နဲ့ကွယ်လိုက်တာကြောင့်စကား
လာပြောတဲ့အမကိုအာနာတဲ့အပြုံးလေးနဲ့ပြုံးပြလိုက်သည်.....
သားအဖနှစ်ယောက်ကွာတာကအာ့တာပင်ရှောင်ကျန့်ကလူချစ်
လူခင်ပေါပြီးသဘောကောင်းသလောက်သမီးလေးကတော့
သူနဲ့သိတဲ့သူမဟုတ်ရင်စကားလည်းမပြော အရေးလည်းမ
လုပ်.....ရှောင်ကျန့်နဲ့မတူပေမယ့်လို့တယောက်တည်းသောသူနဲ့တူ
တာဖြစ်သည်.....

"ဒါကအမရဲ့သမီးလေး ဝူဖန်ရင်းတဲ့ ဒီလထဲဆိုရင်ခြောက်နှစ်ပြည့်
ပြီလေ....."

"ရှောင်မိန်လေးထက်ကြီးတာပေါ့ သမီးလေးကနောက်လထဲမှ
5နှစ်ပြည့်မှာ....."

"ဟုတ်တယ် ဖန်ရင်းလေးကမူကြိုတက်ခါနီးအကြီးအကျယ်
ဖျားလို့လေ အာ့တာကြောင့်ခုမှတက်ရတာ အာဒါနဲ့မောင်လေး
ရဲ့အမျိုးသမီးရောမပါဘူးလား နောက်တခါကျရင်မူကြိုလာရင်
အဖော်ရအောင်လို့ပါ....."

"အာ ဟို အာ့တာက....."

ရှောင်ကျန့်ထိုအမရဲ့မေးခွန်းကိုဖြေဖို့အကြံအိုက်လာသည်.....
သမီးရဲ့အရှေ့မှာရှောင်ကျန့်ကိုယ်တိုင်မွေးထားတယ်လို့သူမဖြေ
ချင်ပါ.....သူဖြေလိုက်ရင်သမီးလေးကအခြားကလေးတွေနဲ့ယှဉ်ပြီး
အားငယ်လိမ့်မည်.....ယောင်္ကျားလေးတယောက်ကမွေးထားတဲ့
ကလေးဆိုပြီးသမီးလေးကိုအပေါင်းအသင်းမလုပ်ကြမှာဆိုး
သည်.....သမီးလေးကိုအားမငယ်စေရဘူးဆိုပြီးပြောခဲ့တာဟာ
အလကားမှမဟုတ်တာ.....သမီးလေးကိုကျနော်ကဘဲအဆုံးထိ
ကာကွယ်ပေးသွားမည်.....ဒါဟာရှောင်ကျန့်ရဲ့သမီးလေးအပေါ်
မှာထားတဲ့အဖေတယောက်ရဲ့မေတ္တာပင်.....

🚨🔞Daddy🔞🚨(Completed )Where stories live. Discover now