Zawမနေ့ညကဒဏ်ရာကြောင့်ရောဆေးသောက်လိုက်တဲ့အရှိန်ရောပါ
ပေါင်းပြီးညကအိပ်လိုက်တာကြောင့်မနက်ကျတော့ထနေကျအချိန်
မထနိုင်တော့ဘဲ7နာရီခွဲမှနိုးလာသည်...အိပ်ယာပေါ်မှအမြန်ဆုံးထ
ကာရေမိုးချိုးလိုက်သည်....ရေချိုးတဲ့အခါတိုင်းခေါင်းလျှော်တတ်တဲ့
ရှောင်ကျန့်ရဲ့အကျင့်ကြောင့်ဆောင်းရာသီရောက်တိုင်းအမြဲနှာစီး
တတ်တာမို့မဖြစ်ခင်နှာစီးပျောက်ဆေးကိုကြိုသောက်ထားရတာ
တော့အမှန်.....ရေချိုးခန်းထဲကနေထွက်လာတော့ကုတင်ပေါ်မှာတင်ထားတဲ့
တဘတ်ကိုယူပြီးစိုနေတဲ့ခေါင်းကိုသုတ်လိုက်ရင်းစားပွဲခုံပေါ်
မှာရှိတဲ့ ဖုန်းကmsgဝင်လာတာကြောင့်ရှောင်ကျန့်ဖွင့်ကြည့်
မိလိုက်တော့.....*morning ညကအိပ်ပျော်ရဲ့လားဆေးရောသေချာသောက်
ရဲ့လား ခနနေကျရင်ကိုယ်လာခေါ်မှာမို့အိမ်ထဲကနေဘဲစောင့်
နေနော်အပြင်မှာမစောင့်နဲ့ရာသီဥတုကအေးနေတယ်baby*ဝမ်ရိပေါ်ဆီကလာတဲ့msgကိုဖတ်ပြီးဖုန်းကိုပိတ်လိုက်သည်....
တချိန်တည်းမှာတွေးလိုက်မိသည်ကဒီတခါရောတကယ်ယုံကြည်လို့ဖြစ်ရဲ့လား.....ဒီနာကျင်မှူဆိုတဲ့ခံစားချက်ကြီးကိုသူနောက်
တခါထပ်ပြီးမခံစားချင်တော့ပါ.....အခုဆိုရင်ရှောင်မိန်လေးရှိ
နေပြီမို့သူ့အတွက်ကတော့သမီးလေးရှိရင်အရာရာဟာပြည့်စုံနေ
ပြီဖြစ်သည်....."ပါး morning....."
တံခါးဝကနေပါးဆိုပြီးအော်လာရင်းအခန်းထဲသို့ဝင်လာကာ
ရင်ခွင်ထဲကိုနင့်ကနဲဖြစ်သွားအောင်ဖက်လာတာကြောင့်ပြန်
ဖက်လိုက်ရင်း....."အာယား ပါးရဲ့သမီးလေးကနိုးနေပြီပေါ့....."
"ဟုတ်တျဲ(တယ်)ပါးကိုယာ(လာ)နိုးမလို့ တီတီလေးကမနိုးပါနဲ့
ဆိုလို့ မီးမီးကမနိုးဘဲစောင့်နေတာရယ် ဟီးးး.....""ပါးသမီးလေးကလိမ်မာလိုက်တာ ကြည့်ပါဦးမူကြိုသွားဖို့
တောင်ပြင်ပြီးပြီပေါ့....."ရှောင်ကျန့်သူ့ရဲ့အရှေ့ကနေသွားကျိုးလေးနဲ့ရီပြနေတဲ့သူ့သမီး
လေးရှောင်မိန်ကိုအူယားတာကြောင့်သူ့daddyဖြစ်သူဝမ်ရိပေါ်ရဲ့
အမွေအဖြစ်ရရှိထားတဲ့နှာခေါင်းလုံးလုံးလေးကိုဆွဲညှစ်လိုက်တော့
နှူတ်ခမ်းလေးဆူလာသည်.....