zaw"ယောင်္ကျား ကျမရှင့်ကိုပြောစရာရှိလို့....."
"အင်းပြော....."
"ရှောင်ကျန့်ပျောက်နေကြောင်းကိုကျမတို့ ရဲ့တရားဝန်သားအငယ်
အနေနဲ့သတင်းစာထဲထည့်ပေးပါ.....""ဘယ်လို....."
ရေခွက်ကိုယူလာကာစားပွဲရှေ့မှာချပေးပြီးMrs. Westonရဲ့စကား
ကြောင့်အံ့သြသွားရသည်....."ဒီလိုလေ အခုရှင်လုပ်နေတဲ့လုပ်ကအန္တရာယ်များတော့ကျမတို့
ရဲ့သား Dylanကိုထိခိုက်လာနိုင်တယ်.....အာ့တော့ဟိုအစေခံကောင်
ရှောင်ကျန့်ကို ကျမတို့ရဲ့အငယ်ဆုံးသားပါဆိုပြီးသတင်းစာထဲ
ထည့်ပြီးလူပျောက်ကြေငြာလိုက်တော့ ကျမတို့သားအတွက်
အန္တရာယ်ကင်းတာပေါ့.....""ဖြစ်ပါ့မလား....."
"အို ဘာကိုမဖြစ်ရမှာလဲ ရှင်သာခေါင်းတချက်ငြိမ့်လိုက်ကျန်
တာကျမကိစ္စထားပါ....."စိတ်ပူသလိုလိုနဲ့ပြောလာတဲ့Mr. Westonကိုကြည့်ပြီးအားမရ
တာကြောင့် Mrs. Westonစိတ်မရှည်တဲ့လေသံဖြင့်ပြောလိုက်
တော့မှာမင်းသဘောဆိုပြီးခေါင်းငြိမ့်ပြလာသည်.....ထိုအခါမှ
အခန်းထဲကနေထွက်သွားပြီးစီစဉ်စရာရှိတာတွေစီစဉ်လိုက်
သည်....."ရှောင်ကျန့်နင့်လိုမိဘဲမဲ့ကောင်ကိုမွေးစားခဲ့တာကငါ့သားအတွက်
အနစ်နာခံဖို့ဘဲ.....""သတင်းစာတိုက်ကို ဒါသွားပေးလိုက်....."
ထည့်ရမယ့်စာတွေနဲ့ ရှောင်ကျန့် ရဲ့ဓာတ်ပုံတွေထည့်ထားတဲ့စာ
အိတ်ကို အိမ်ကအလုပ်သမားတယောက်ကိုပေးလိုက်ကာ
သတင်းစာတိုက်ကိုသွားပို့စေသည်.....ငါကငါသားကိုကာကွယ်
ဖို့ဘာမဆိုလုပ်မှာဘဲ................................................................................
"babyလာပါဦး....."
"babyကြည့်လို့ကောင်းလားဟင်...."
"အင်းအရမ်းချစ်ဖို့ကောင်းတယ်...."
"အာ ဟီး....."
"ကိုယ်မှာတာတွေမမေ့နဲ့နော်သေချာဂရုစိုက်......"
ရှောင်ကျန့် ရဲ့ပုံကျနေတဲ့ဆံပင်လေးကိုအသာလေးသပ်ပေး
ကာဂရုစိုက်ဖို့မှာနေလိုက်သည်......ဒီအရွယ်ဟာမငယ်တော့ပေ
မယ့်ဝမ်ရိပေါ်အတွက်တော့ရှောင်ကျန့်က ကလေးတယောက်လို
ပါဘဲ.....သူလေးသာတခုခုဖြစ်ရင်ကိုယ်ကရင်ကျိုးရမှာ.....