မေတ္တာ (အပိုင်း ၁)

1.7K 47 4
                                    

Unicode

{ မေတ္တာ } 💕 {အပိုင်း ၁}

"Tharn ခုမှ ပြန်လာတာလား ဒီနေ့လည်း နောက်ကျတယ်နော် "..

" ဟုတ်တယ် အဒေါ် ဒီလို လကုန်ရက်ဆို
ဆိုင်မှာ လူကျတယ်လေ အဲဒါကြောင့် "

ဆိုင်မှာ တနေကုန် မတ်တပ်နဲ့ အလုပ်
လုပ်ခဲ့ရတော့ လူက နားချင်နေပြီ ..
သူ့ကို လာစပ်စုနေတဲ့ သူ့အိမ်ရှင်
ဒေါ်ခမ်းရှေ့က
Tharn အမြန်အိမ်ထဲ ဝင်ချင်လှပြီ ..
ဒေါ်ခမ်း သူ့ကို စကား လာစ နေတာ ‌
ဘာဖြစ်လိုဆိုတာ Tharn ခုမှ သဘောပေါက်သွားမိတယ်

"အဒေါ် အိမ်လခ မနက်ဖြန်မှ ယူပါနော်..
သူဌေးက ဒီနေ မပေးလိုက်သေးလို့ "

"အော် ဟုတ်လား အေးလေ ရပါတယ်
မနက်ဖြန်တော့ ဆက်ဆက်ပေးနော် Tharn "

" ဟုတ်ကဲ့ စိတ်ချပါ အဒေါ် .. "

ဒေါ်ခမ်းကို ခပ်မြန်မြန်ပဲ နှုတ်ဆက်လိုက်ပြီး
Tharnကိုယ့် အခန်းထဲဝင်လာခဲ့တော့တယ် ..

သူ့အခန်းကျဉ်းလေးထဲ ရောက်တာနဲ့ ကျောင်းကျောပိုးအိတ်ကို ချ ..
လက်ထဲမှာတော့ ဆိုင်က သူဌေးပေးလိုက်တဲ့
ဟင်းဘူးလေးကို ခုံပုလေးပေါ်တင်ပြီး
သူအဖုံး ဖွင် အုပ်ဆောင်းလေးနဲ့
အုပ်ထားလိုက်တယ်..
ဒါက သူ့အတွက် ဒီညစာနဲ့ မနက်စာတော့
ဖူလုံသွားရပြီ ..
ကျောင်းအကျီကို ‌ ချွတ် ပြီး ချက်ချင်း
လျှော်ဖို့Tharnလုပ်လိုက်တယ် ..
ကျောင်းအကျီကလည်း သူများလို
ပေါများတာမဟုတ်တော့ အိမ်‌ရောက်တာနဲ့ ချက်ချင်းလျှော်ချက်ခြင်းလှမ်းမှ
နောက်ရက် ကျောင်းဝတ်ဖို့သူ့မှာ
အဆင်ပြေတာ ..

အိမ်ပြန်နောက်ကျတာနဲ့
Tharn ရေမြန်မြန်ချိုး
အဝတ်အစားလဲလိုက်တယ် ..
ပြီးတာနဲ့ မနက်က ကျောင်းမသွားခင်
ချက်ခဲ့တဲ့ထမင်းအိုးလေးထဲက ထမင်းကို
ပန်ကန်ထဲခူးခပ်ထည့်ပြီး သူအလုပ်လုပ်တဲ့ ထမင်းဆိုင်ကပေးလိုက်တဲ့ ဟင်းကို
သူ့ပန်ကန်ထဲ အနည်းငယ်ခပ်ထည့်ပြီး
သူ မြန်မြန်ပဲ စားလိုက်တယ် ..
စားသောက်ပြီး ပန်ကန်တွေဆေးကြောပြီး
ခုနက ထမင်းစားတဲ့ ခုံပုလေးက Tharn. ရဲ့
စာကြည်ခုံ အဖြစ် ပြောင်းလဲသွားတော့တယ်.

မေတ္တာWhere stories live. Discover now