Unicode
{မေတ္တာ } 💕{အပိုင်း ၄}
Type ကျောင်းရောက်တာနဲ့ မနေ့က သူသိတဲ့
ကိုကိုးဆိုတဲ့ အဖေဖြစ်သူ Tharn ကို
လိုက်ရှာကြည့်မိတယ် ..တစ်ပါးသူအကြောင်းဆို နည်းနည်းလေးမှ
စိတ်မဝင်စားတတ်ခဲ့သူ ..
Tharn ဆိုတဲ့ ကလေးအဖေတယောက်ကို
သူ ဘာကြောင့်များ ဒီလောက် စိတ်ဝင်တစား
ဖြစ်နေရလည်း Type ကိုယ်တိုင်လည်း
နားမလည်သူ့တို့နဲ့ အတန်းနှစ်နဲ့ ကျောင်းလည်းတူတယ်..
ဒါပေမယ့် ဘယ် ဌာနကမှန်း သူ မသိ ..
Tharn ဆိုတဲ့ နာမည်နဲ့ လူကို
မြင်ဖူးတာသာရှိတာဒီလောက် ကျယ်တဲ့တက္ကသိုလ်
ကျောင်းဝင်းထဲသူ ဘယ်လို သွား ရှာ မလဲ .." Type မင်း ဘာတွေ လိုက်ရှာနေတာလည်း "
ကျောင်းဝင်းထဲ ခေါင်းလည်အောင် လိုက်ကြည့်နေတဲ့ Type ကို No မေးလိုက်တယ် ..
ဒီကောင် ဘယ်သူ့ကိုများ ရှာနေပါလိမ့် ..
" ဟမ် လူတယောက်ကို ရှာနေတာ
ငါတို့ကျောင်းကဆိုလို့ "" အံမယ် ဒီကောင် ကောင်မလေး
လိုက်ရှာနေတယ်ပေါ့လေ ..
ပြောစမ်း ဘယ်မေဂျာ ဘယ်ဌာနကလည်း
နာမည်က ဘယ်သူလည်း "သူ့အကျင့်တိုင်း စကားများ စပ်စုလိုက်တဲ့
Noကို Type မျက်နှာတည်တည်နဲ့
ကြည့်လိုက်တယ် .." အဟော် အေးပါ အေးပါ
ဘာမဟုတ်တော့ဘူး"သူ့ကို လှည့်ကြည့်လိုက်တဲ့ Type မျက်နှာကို
No သဘောပေါက်လိုက်ပြီး ပါးစပ်ပိတ်
သွားတော့တယ် .." Champ မလာသေးဘူးလား No "
" သူ နောက်ကျမယ် ပြောတယ် Type " ..
" အဲဒါဆို ငါတို့ စာကြည့်တိုက်ဘက်
ခဏသွားရအောင် "" အေးလေ သွားတာပေါ့ သူလာလို့
မတွေ့ရင် ဖုန်းဆက်လိမ်မှာပေါ့ "ပြောပြောဆိုဆိုပဲ Typeနဲ့ No တို့
စာကြည့်တိုက်ဘက် ထွက်လာခဲ့တော့တယ် ..💪 💪 💪 💪 💪
စာကြည့်တိုက်ထဲ သူလိုတဲ့ စာအုပ်လိုက်ရှာ
တွေ့တာနဲ့ ယူလာပြီး Type စားပွခုံတန်း
ရှည်မှာထိုင်ပြီး စာထိုင် ဖတ်လိုက်တယ် ..
YOU ARE READING
မေတ္တာ
Fanfiction" အချစ် " အချစ်ဆိုတာ လူတိုင်းချစ်တတ်ပါတယ် ကိုယ်လက်ခံရတဲ့ အချစ်ပေါ်မှာ အမျိုးမျိုး အဓိပ္ပယ်တွေ သတ်မှတ်ကြပါတယ် .. ပူတယ် အေးတယ် / ရယူတယ် ပေးဆပ်တယ် ဆိုပြီး အရောင်တွေ အမျိုးမျိုး ပေးကြတယ် လူတိုင်း မှာ အချစ်ရှိသလို လူတိုင်းလည်း ချစ်တတ်ကြပါတယ် .. ဒါ...