မေတ္တာအပိုင်း(၁၆)

582 34 2
                                    

{ မေတ္တာ } 💕 {အပိုင်း ၁၆ }

" Type  သတိရပြီလား "

Type အကြာကြီး အိပ်ပျော်သွားတယ်လို့
ခံစားလိုက်ရတယ် ..

နိုးလာတာနဲ့ ဘေးဘီဝဲယာကို သူ
လိုက်ကြည့်လိုက်မိတယ် ..

" မာမီ "

" အင်း သား နေလို့ကောင်လား  "

" ဟုတ် ကောင်းပါတယ် "

သတိရလာပြီ ဆိုတာနဲ့ အခန်းထဲကို ဆရာဝန်
ဝင်လာပြီး Type ကို စမ်းသပ်ကြည့်
လိုက်တယ်

" အိုကေ အားလုံးကောင်းတယ် Type
စိုးရိမ်စရာ မရှိတော့ပါဘူး အန်တီ ..
Type က ကျန်းမာတဲ့ အရွယ်ဆိုတော့
အားလည်း မြန်မြန် ပြန်ပြည့်ပါတယ် .. "

" ဟုတ်ကဲ ကျေးဇူးတင်ပါတယ် ဒေါက်တာ "

" Tharn ရော သတိရပြီလား ဆရာ "

" Tharn ကတော့ သတိမရသေးဘူး ..
သူကိုစောင့်ကြည့်ရအုန်းမယ် Type ..

ဘာဖြစ်လို့လည်းဆိုတော့ သူအသဲက
နဂိုထဲကအနာဆိုတော့ ဒီဘက်က
ဆက်ထားတဲ့ အပိုင်းနဲ့ အသားကျဖို့
အချိန်ပေးရပါတယ် "

" စိတ်မပူပါကြနဲ့ အားလုံးအဆင်ပြေမှာပါ "

" မာမီတယောက်ထဲလား
ကိုကိုး မပါဘူးလား"

" ကျောင်းတက်ရတယ်လေ သားရဲ့ "

" သူ ဂျီကျသေးလား မာမီ  "

" တချက်တချက်တော့ မေးတာပေါ့ သားရယ်
မာမီတို့က မျက်နှာစိမ်းတာကိုး ..
ဒါပေမယ့် ကလေးက အရွယ်နဲ့မလိုက်အောင်
လိမ္မာတယ်သား ..
ခုတော့ အွန်ခမ်းနဲ့ သူက အဖွဲကျနေပြီလေ ..
နောက်ရက် သူ ကျောင်းပိတ်တော့ မာမီ
ခေါ်လာခဲ့မယ် "

" ကျေးဇူးတင်ပါတယ် မာမီ "

" သား နေရထိုင်ရတာ အဆင်ပြေရဲ့လား "

" ဟုတ်မာမီ  ခွဲထားတဲ့ ဒဏ်ရာကလွဲပြီး
ကျွန်တော် အကောင်းအတိုင်းပါပဲ ဗျ "

ရွှတ် နောက် နောက်နဲ့ ပြောလိုက်တဲ့ Type ကို
ဒေါ်နီတာ အမျက်မပါတဲ့ မျက်စောင်း
ထိုးလိုက်တော့တယ်.. .

" ဟေ့ Type "

" ကဲ သား သူငယ်ချင်းတွေလည်း
ရောက်လာပြီမာမီ ပြန်တော့မယ် ..
နောက်ရက်မှ ထပ်လာခဲ့မယ် Type ..

မေတ္တာNơi câu chuyện tồn tại. Hãy khám phá bây giờ