မေတ္တာ (အပိုင်း၃)

462 42 3
                                    

Unicode

{ မေတ္တာ } 💕{အပိုင်း ၃}

#၅နှစ်ခန့်ကြာပြီးနောက် ..

နွေးထွေး ရင်ခွင်ပိုက်မူကြို ...
~~~ ~~

" သားသားတို့ မီးမီးတို့ မနက်ဖြန် ကျောင်းမှာ
ဘာလုပ်ရမလဲ  သိကြလား  "

" သိပါတယ် ဆရာမ ပုံဆွဲရမှာပါ "

" ဟုတ်တယ် အဲဒီတော့ မနက်ဖြန်ကို
ကျောင်းမှာသားတို့သမီးတို့  ဘာ ပုံ
ဆွဲချင်လည်း သေချာမှတ်လာခဲ့ကြနော်  "

" ကဲ ကစားကွင်းထဲ သွားဆော့နေကြ တော့..
အမေလာကြိုမှ ပြန်ရမယ်နော် "

နံရံက နာရီကို ကြည့်ပြီး ကလေးတွေကို
Mee ကျောင်းဆင်းပေးလိုက်တော့တယ်

" ဟုတ်ကဲ့ပါ ဆရာမ .. မဂ်လာပါ ဆရာမ " ..

" မဂ်လာပါ ကလေးတို့ "

ကလေးတွေ အခန်းထဲက
ပြေးထွက်သွားတာနဲ့အခန်းထဲမှာ ရှုပ်ပွနေတဲ့ စာအုပ်တွေ ခဲတံတွေကို
Mee တခုချင်း ကောက်ပြီး သူ့နေရာနဲ့သူ
စနစ်တကျ သိမ်းဆည်းလိုက်တယ် ..

အားလုံး သိမ်းဆည်းလို့ပြီးတာနဲ့ အခန်းပြတင်းပေါက်ကနေ Mee အပြင်ဘက် ကစားကွင်းထဲကို လှမ်း ငေးကြည့်လိုက်တယ်

ကစားကွင်း အလယ် ကလေးတွေကြားထဲမှာ
ကင်မရာကြိုးကို လွယ်ပြီး ကလေးတွေကို
ဓာတ်ပုံ လိုက်ရိုက်နေတဲ့ သူ့ရဲ့သူငယ်ချင်းကင်မရာသမားလေး Type ..

Mee အခန်းထဲက
အပြင်ဘက် ကစားကွင်းရှိရာ
လှမ်းလာ ခဲ့လိုက်တယ် ..

" ချလပ် .. ချလပ် .. " 📸

" Type .. အဆင်ပြေလား သူငယ်ချင်း
နင်လိုချင်တဲ့ ပုံရောရရဲ့လား  "

သူ့မူကြို ကျောင်းဝင်းလေးထဲ
ကစား နေကြတဲ့ ကလေး တွေကို
ဓာတ်ပုံ လိုက် ရိုက်နေတဲ့ 
Type ကို  Mee  လှမ်းမေးလိုက်တယ် .. ..

" အင်း အဆင်ပြေပါတယ် 
ငါ နောက်ရက်တွေလာ ရိုက်လို့
ရသေးတယ်မလား Mee .. "

" အော် ရပါတယ်ဟဲ့ နင်ကလည်း  "

" မသိဘူးလေဟာ တော်ကြာ ..
မူပိုင်ခွင့်တွေဘာတွေ တောင်းနေမှာစိုးလို့ "

မေတ္တာWhere stories live. Discover now