မေတ္တာ(အပိုင်း၁၂)

561 36 3
                                    

Unicode

{ မေတ္တာ } 💕 {အပိုင်း ၁၂}

" Tharn "

ကိုယ့်အတွေးနဲ့ ကိုယ် အတွေးလွန်နေတဲ့
Tharn ရုတ်တရက် လန့်ပြီး ခေါင်းမော့ ကြည့်လိုက်တယ် ..

" Type "

" လာ လိုက်ခဲ့ "

" Type ဘယ်လည်း ငါ အလုပ်သွားရမယ် "

" လျှာမရှည်နဲ့ကွာ မင်းလိုက်ခဲ့မလား
ငါအတင်း ဆွဲ ခေါ်ရမလား "

သူ့လက်ကို အတင်းဆွဲပြီး သူ့ကားပေါ်
တက်ခိုင်းလိုက်တဲ့ Type လက်က
Tharn ရုန်းမရဖြစ်နေရတယ် ..

Tharn ကို Type သူ့ကားပေါ်အတင်း
ဆွဲခေါ်လိုက်ပြီး ကားကို မောင်း ထွက်
လာခဲ့တော့တယ် .

ကားက အလုပ်ရှိတဲ့ဘက်ကို မဟုတ်ပဲ
တခြားတနေရာကို သွားနေတာကြောင့်
Type ဘက်ကိုTharn လှည့်ကြည့်
လိုက်တယ် .

" ဘယ်ကို သွားနေတာလည်း Type ..
ငါ အလုပ် သွားရမယ်လို့ ပြောနေတာကို "

တိတ်ဆိတ်တဲ့ မြစ်ကမ်းဘေး နေရာမှာ
Type ကိုထိုးရပ်လိုက်တယ် ..

Tharn သူရောက်နေတဲ့နေရာ
ပတ်ဝန်းကျင်ကိုလိုက်ပြီး
ကြည့်မိလိုက်တယ် ..

" ငါ့ နာမည်က Type .. . . . လို့ခေါ်တယ် ..
ဦး Joh , ဒေါ်နီတာ တို့ရဲ့
တဦးတည်းသောသား
Joh ဆောက်လုပ်ရေးက ငါ့အဖေ
ပိုင်တဲ့ ကုမ္ပဏီငါတို့ ..လမ်း မှာ နေတယ် " ..

" ပထမတော့ မင်းနဲ့ ကိုကိုး နဲ့ ကို
ငါ ဒီအတိုင်း ခင်မင်ခဲ့တယ် ..
ငါ့အကြောင်းတွေ မင်းကို ပြောပြဖို့
ဒီလောက်မလိုအပ်ဘူးလို့ထင်လို့ ..
ပြီးတော့ အဲဒီ အချိန်တုန်းက ငါ နဲ့
မိဘတွေရဲ့ ဆက်ဆံရေးက သိပ်ပြီး
အဆင်မပြေဘူး Tharn

ဆိုးသွမ်းရိုင်းစိုင်း နေတာမျိုး မဟုတ်ပေမယ့်
ငါက ငါ့ မိဘတွေ အတွက်
သား လိမ္မာတယောက်မဟုတ်ခဲ့ဘူး ..
အဲဒီတော့ ငါ ဘယ်သူပါဆိုတာမျိုး
ငါမပြောချင်ခဲ့တာတော့ အမှန်ပါပဲ ..

အစမပျိုး နိဒါန်းမချီပဲ Type သူ့အကြောင်း
Tharn ကို ပြောလိုက်တယ် ..

" ဒါပေမယ့် မင်းနဲ့ ကိုကိုး ကို ကြည့်ပြီး
ငါ ငါမိဘပေါ် ဆိုးခဲ့ပါလား ဆိုတာ
မြင်လာတယ်
ကိုကိုး ကြည့်ပြီး ငါ့ကိုယ်ငါရှက်လာတယ် ..

မေတ္တာWhere stories live. Discover now