မေတ္တာ(အပိုင်း၁၄)

469 33 3
                                    

Unicode

{ မေတ္တာ } 💕 {အပိုင်း ၁၄}

" ခင်ဗျာ ! ဒေါက်တာ Tharn က "

Tharnရဲ့ အသဲ ဓာတ်မှန် အဖြေကို ကြားပြီး
Type လောကကြီးနဲ့ အဆက်ပြတ်သွားသလို
ခံစားလိုက်ရတယ် ..

Tharn .. Tharn ရယ်  !!

" ဟုတ်တယ်  Tharnဆိုတဲ့ လူနာရဲ့
အသဲ သုံးပုံမှာနှစ်ပုံက တော်တော်ပျက်စီး
နေပြီ .. အစားထိုး ကုသမှ ဖြစ်တော့မှာ

ဒီအတိုင်းထားရင်တော့ နောက် ၆လတောင်
အသက်ရှင်ဖို့ အာမမခံနိုင်တော့ဘူး "

" အစားထိုးကုမှဆိုတော့
ဘယ်လိုကုသမှု့မျိုးလည်းဒေါက်တာ "

ကိုယ့်စိတ်ကိုကိုယ်ပြန်ထိန်းပြီး
Type ဆရာဝန်ကို မေးလိုက်တယ် ..

" Tharn နဲ့ ကိုက်ညီတဲ့ အသဲအလှူရှင်ကို
စောင့်ပြီး အသဲတစ်ခုလုံး အစားထိုးတာမျိုး
နောက်တခုကတော့..
လူနာရှင်နဲ့ သွေးအမျိုးအစားတူ တစ်ရူး
တူတယ်ဆိုရင်လည်း အဲဒီအသဲကို  ဖဲ့ယူပြီး
ခွဲစိတ် အစားထိုး ကုသလို့ ရပါတယ် ..

အဲဒါမျိုးအစားထိုးတာက တစ်ဘက်လူက
သက်ရှိဖြစ်နေတော့ သူ့ရဲ့ အုပ်ထိန်းသူ
ခွင့်ပြုမှ  ဖြစ်နိုင်မှာပါ " ..

ကျွန်တော်တို့ အရင်ဆုံး အစားထိုးဌာနမှာ လျှောက်လွှာတင်ပြီး စောင့်ကြည့်ကြတာပေါ့"

လျှောက်လွှာတင်ပြီး စောင့်ရတဲ့ အလုပ်
ဆိုတာ‌ဘယ်တော့မှ ကိုယ့်အလှည့်ရောက်မှာမသိတဲ့ကိစ္စကြီး ..
ဒီအတောအတွင်းမှာ Tharn ရောဂါက ပိုပြီး
မဆိုးလာဘူးလို့ ဘယ်သူ ပြောနိုင်မှာလည်း ..

Tharnရဲ့ ဆေး အဖြေကို နားထောင်ပြီး
ဆရာဝန်ကြီး အခန်းထဲက Type ထွက်လာ
ခဲ့တယ်

သူ့ခြေလှမ်းတွေက အောက်ကြမ်းပြင်နဲ့
ထိသလား သူလမ်းလျှောက်နေရော ဟုတ်ရဲ့လားType မသိတော့ ..

သူ့အတွေး စိတ်ထဲမှာ Tharn အတွက်
စိုးရိမ်သောက က   ကြီးစိုးနေတော့တယ်  ..

ဆေးရုံရဲ့ လျှောက်လမ်မှာ ဟိုဘက်ဒီဘက် လျှောက်ရင်း Type လာတဲ့ ဘက်ကို
Sam မျှော်နေမိတယ် ..

မနေ့ကညမိုးချုပ် ၉ နာရီလောက်မှာပဲ သူ့စီ
Tharn ဆေးရုံတက်ထားရတဲ့အကြောင်း
Type ဖုန်းဆက်အကြောင်းကြားလာခဲ့တယ် .

မေတ္တာWhere stories live. Discover now