မေတ္တာ(အပိုင်း၁၅)

524 32 3
                                    

{ မေတ္တာ } 💕 { အပိုင်း ၁၅ }

သူ့အရှေ့က ဒေါက်တာမျက်နှာကိုကြည့်ပြီး
Type စိတ်လှုပ်ရှားလွန်းလို့ ကိုယ့်ကိုကိုယ် အသက်ရှုဖို့တောင် မေ့နေရတယ် ..

" ကွန်ဂကျုလေးရှင်း Type ..
Tharnကုသိုလ်ပဲခင်ဗျားရဲ့ အသဲ
Tharnကို ဖဲ့ ပေးလို့ရတယ် ..
သွေးနဲ့ တစ်ရှုးစ ကိုက်ညီတယ် ..
ပြီးတော့ Type အသဲလည်း ကျန်မာတယ် ..

Type မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုကြောင်း
လက်မှတ်တော့ လိုအပ်ပါတယ် ..

အားလုံး အဆင့်သင့် ဖြစ်ပြီးဆိုရင်တော့
ကျွန်တော်တို့အမြန်ဆုံး  Tharn ကို ခွဲစိတ်
ကုသလို့ရပါပြီ ..  "

" ကျေးဇူးပါဒေါက်တာ ကျေးဇူးပါ ..
ကျွန်တော် အဲဒီကိစ္စတွေကို အမြန်ဆုံး
လုပ်ပါမယ်"

ဆရာဝန်ကို Type လက်အုပ်လေးချီပြီး
ကျေးဇူးစကား  အထပ်ထပ် ပြောမိတယ် ..

သူလည်း ထခုန်မိမတပ်
ဝမ်းသာသွားမိရတယ်

ဆရာဝန်ကို ကျေးဇူးတင်နှုတ်ဆက်စကား
ဆိုပြီးTharn အခန်းထဲကို Type ဝင်လာ
ခဲ့လိုက်တယ် ..

ဆေးရုံရဲ့ပြတင်းပေါက်ကနေ အပြင်ဘက်ကို
ငေးနေရင်း အခန်းထဲကို ဝင်လာတဲ့ Type ကို
Tharn လှည့်ကြည့်လိုက်မိတယ် ..

" Type အလုပ်မသွားဘူးလား "

" အင်း Tharn ငါ ခွင့်ရက်ရှည်ယူထားတယ် "

ဆေးရုံအပြင်ဘက်ကို ငေးမောနေတဲ့ Tharnအနား Type လှမ်းလျှောက်သွား
လိုက်တယ်

" Tharn ငါတို့
အပြင်ထွက်ပြီး လမ်းလျှောက်ကြမလား ."

" အင်း ထွက်ချင်တယ် Type..
ဒီအခန်းထဲမှာပဲ နေ့တိုင်းဆိုတော့
မွမ်းကျပ်နေပီ"

Tharn ကိုဝီးချဲလ်ပေါ်တင်ကာ
Type ဆေးရုံရဲ့ နားနေဆောင်  ပန်းခြံထဲကို တွန်းလာခဲ့လိုက်တယ်

" အေးနေလား Tharn ‌ဒါလေးခြုံထားနော် "

ဝီချဲလ်ပေါ်မှာ ထိုင်နေတဲ့ Tharnရဲ့အရှေ့မှာ
ဒူးထောက်ပြီး Tharn ပေါင်ပေါ်ကို
Type စောင်လေး ခြုံလွှမ်းပေးလိုက်တယ် ..

သူ့ကိုဂရုတစိုက် ကြင်ကြင်နာနာနဲ့  လုပ်ကိုင်
ပေးနေတဲ့ Type ကို Tharn  ခပ်ဖျောဖျောလေးပြုံးရင်း  Type လုပ်ကိုင်ပေးသမျှကို လိုက်ပြီးကြည့်နေမိတယ် ..

မေတ္တာNơi câu chuyện tồn tại. Hãy khám phá bây giờ