မေတ္တာ(အပိုင်း၁၃)

486 36 3
                                    

Unicode

{ မေတ္တာ } 💕 {အပိုင်း ၁၃}

ရုံးရောက်တာနဲ့ အရင်လို Site ထဲကို အလောတကြီးမသွားသေးပဲ Lobbyထဲမှာ
Tharn အလာကို Type စောင့်နေလိုက်တယ်

" Type ဘယ်သူ့ကို စောင့်နေတာလည်း "

ကုမ္ပဏီအပြင်ဘက်လမ်းကို တကြည့် ကြည့်
ဖြစ်နေတဲ့ Type ကို Thor လှမ်းမေးလိုက်တယ်

ကုမ္ပဏီ ရောက်တာနဲ့ မေးစရာရှိတာမေးပြီး
Site ထဲသာ ဒုန်းစိုင်းသွားတတ်တဲ့ Type ..

ဒီနေ့တော့အေးအေးလူးလူး ဖြစ်နေတော့
Thor ထူးဆန်းလို့ နေတာပေါ့ ..

ဟိုရက်ကလည်း ကိစ္စရှိလို့ဆိုပြီး ရုံးပျက်တဲ့
သူ့ကို Thor သိပြီးမသက်ာတော့တယ် ..

သူ့စိတ်ထဲ ဟိုလိုဒီလို ထင်နေတဲ့ အရာကို
ဒီနေ့‌တော့ သူ အကဲခပ်အုန်းမယ်ဆိုပြီး
Type နဲ့ခပ်လှမ်းလှမ်းနဲ့ နေရာမှာ ထိုင်ပြီး Thor စပ်စုဖို့လုပ်လိုက်တယ် ..

လက်ကနာရီကို ကြည့်လိုက် လမ်းမဘက်ကို
ငေးလိုက်နဲ့ Type ဗျာများနေ တော့ တယ် ..

" ဟော ! "

ခပ်သုတ် သုတ်နဲ့ ရုံးနဲ့ဝင်လာတဲ့ Tharn ကို
သူ တွေ့လိုက်တာနဲ့ Type မျက်နှာဝင်းကနဲ့
ဖြစ်သွားပြီး Tharn စီ လျှောက်သွားလိုက်တယ်

" Tharn "

" ဪ Type .. ဒီနေ့အပြင်မသွားရဘူးလား

ကုမ္ပဏီရဲ့ Lobby ထဲမှာ တွေ့လိုက်ရတဲ့
Type ကို Tharn မေးလိုက်တယ် ..

" အင်း သွားမှာ ပြောစရာရှိလို့ စောင့်နေတာ"

ခုနတည်းက P'Thor သူကို အကဲဖမ်းနေမှန်း
Type ရိပ်မိလိုက်တာနဲ့ Tharn ကုမ္ပဏီထဲ
ဝင်လာတာ တွေ့တာနဲ့တပြိုင်တည်း ..

Tharn လက်ကို ကိုင်ပြီး Lobby နဲ့
ခပ်လှမ်းလှမ်းနေရာကို Type ဆွဲခေါ်သွားတယ်

"Type ဘာ‌ဖြစ်လို့လည်း "

အလောတကြီးနဲ့ သူ့လက်ကိုဆွဲခေါ်သွားတဲ့
Type အနောက်ကို Tharn တရွတ်ဆွဲပြီး
ပါသွားရတယ် ..

" Type ဘာဖြစ်လို့လည်း "

" ဘာမဖြစ်ဘူး ပြောစရာရှိလို့ ..
ညနေကို ငါ ရုံးကို စောစောပြန်ဝင်လာခဲ့မယ်
အဲဒါ မင်း ငါ့အိမ်ကို လိုက်ခဲ့ ကိုကိုး အတွက်
ငါး ယူရအောင် "

မေတ္တာWhere stories live. Discover now