မေတ္တာ(အပိုင်း၈)

506 33 6
                                    

Unicode

{ မေတ္တာ } 💕 {အပိုင်း ၈}

ကိုကိုး တို့ မူကြို ကျောင်းမှာ မိဘများနေ့အတွက်ပြင်ထားတဲ့ စင်မြင်ကို ကြည့်ပြီး ..
Tharn စိတ်လှုပ်ရှားနေမိတယ် ..

မနေ့ကတည်းက ကိုကိုးအတွက် ပန်းကုံးလေး
တစ်ညလုံး သူ ကြိုးစားပမ်းစားနဲ့ သီကုံး
ပေးခဲ့ရတယ် ..

မနက်လင်းတာနဲ့ ကိုကိုးအတွက်အဝတ်အစား
ပြင်ဆင်ပေး သူလည်း သပ်သပ်ရပ်ရပ်
ပြင်ဆင်ပြီး မူကြိုကို ရောက်လာခဲ့ကြတယ် ..

သူတို့ရောက်ပြီး မကြာပါဘူး Typeလည်း
ကင်မရာတလုံး ကိုင်ပြီး ကျောင်းကို ရောက်လာတော့တယ် ..

Type လည်း ဒီနေ့တော့ အရင်ကလို
ဘောင်းဘီအပြဲအကွဲတွေနဲ့ မဟုတ်ပဲ
သေချာဝတ်စားထားတော့ အရင်လိုမဟုတ်ပဲ
ကြည့်ကောင်းနေတော့တယ်. .

" ဓာတ်ပုံဆရာကြီး ငါ့ ကလေးပုံတွေ
လှလှလေးရိုက်ပေးနော် Type ..
တစ်ယောက်ထဲ ကွက်ပြီး ရိုက်မသွားနဲ့ " ..

ကက်မရာလည်ပင်လွယ်ပြီး
ကိုကိုး အဖေနားမှာရပ်နေတဲ့ Type ကို
Mee ကပ်ပြီး တိုးတိုးလေးစ လိုက်တယ် ..

Mee သူ့အနား ကပ် ပြောလိုက်တာကြောင့်
Tharn ကို Type မလုံမလဲ ကြည့်လိုက်
မိတယ် ..

" အေးပါ ဟာ Mee နင်တော့ "

" ဟိ ဟိ ကဲ ငါ စင်ပေါ်သွားလိုက်အုန်းမယ်
ငါ့ ပုံလည်း လှလှလေး ထွက်အောင်ရိုက်နော်

Typeကို စ နောက် ပြီး Mee စင်မြင့်ရှိရာကို
ထွက်လာခဲ့တယ် ..

ကျောင်းကို ရောက်လာတည်းက ကိုကိုး အဖေကိုတကြည့် ကြည့် နဲ့ လုပ်နေတဲ့
Type ကို သူ စချင် မနာက်ချင် လာတာနဲ့ အနားသွားပြီး စ လိုက်တော့တယ် ..

သူ စ လိုက်တာနဲ့ Type ရှက်ရယ် ရယ်ရင်း
မျက်နှာတွေ ရဲတက်သွားရတယ် ..
ကိုကိုး အဖေကတော့ သူ့သားကို အာရုံ
ရောက်နေတာနဲ့ သူတို့ပြောတာတွေကို
သတိထားမိပုံမရတယ် ..

" အားလုံးပဲ ကလေးမိဘတွေ စင်မြင့်
ခုံပေါ်မှာနေရာယူပေးကြပါရှင် "

" Tharn ဘာဖြစ်လို့လည်း "

တခြား အမေတွေ စင်မြင့်ပေါ်တက်
သွားကြတာကြည့်ပြီး
Tharn မျက်နှာတမျိုးဖြစ်သွားတာ
Type သတိထားလိုက်မိတယ် ..
သူ့လက်ကို သူကိုင်ပြီး စိတ်လှုပ်ရှားသလို
ဖြစ်နေတာနဲ့ Type မေးလိုက်မိတယ် ..

မေတ္တာWhere stories live. Discover now