Part 23 (U+Z)

540 41 0
                                    

Unicode

မပူလွန်းမအေးလွန်းတဲ့နွေဦးရဲ့ရာသီဥတုကတော့သာယာနေတယ်ဆိုပေမယ့် အခန်းတစ်ခန်းထဲကကောင်လေးကတော့ဘာလုပ်ရမှန်းမသိဖြစ်နေလေသည်..။

အချိန်အားဖြင့် ညကိုးနာရီတောင်ရှိနေပြီဆိုပေမယ့် Jaeminကတော့ ညနေကသူ့ဆီဝင်လာတဲ့စာကိုအတည်မယူချင်သေးတဲ့ပုံပါပဲ။
သို့သော်လည်းအခုထိပြန်မရောက်သေးတဲ့ ညီငယ်နဲ့မေမေကိုလည်းလက်မလွှတ်နိုင်ပါဘူး။

ဘာလုပ်ရမလဲမသိနေတဲ့အချိန်လက်ထဲကဖုန်းရဲ့တုန်ခါမှုကြောင့် Jaeminတုန်လှုပ်နေမိသည်။

ရုတ်တရက်ဝင်လာတဲ့ဖုန်းနံပါတ်စိမ်းကိုကြောင်ကြည့်နေတုန်းမှာဘဲ တုန်ခါမှုကရပ်တန့်လို့သွားခဲ့ပြီ။ အတွေးပင်မဆုံးသေးခင်မှာနောက်ထပ်ဝင်လာတဲ့ စာတစ်စောင်ကတော့Jaeminကိုဖတ်ကိုဖတ်ကြည့်ဖို့ဖိတ်ခေါ်နေသလိုပါပဲ။

📩 Jaemin Na နောက်တစ်နာရီအတွင်းမလာရင် game overပဲ 📩

စာကိုဖတ်ပြီးသွေးပျက်နေတဲ့Jaeminက တုန်ရီနေတဲ့လက်တစ်စုံနဲ့အတူဂနာမငြိမ်တော့ပေ။ မိသားစုဆိုလို့အမေနဲ့ညီလေးသာရှိတော့သည့်Jaeminအတွက်တော့ အရင်လို တစွတ်ထိုးလုပ်ဖို့ကသိပ်ခက်ခဲနေတဲ့ပုံပေါ်သည်။

"Jae-Jaemin ah.. စိတ်အေးအေးထားရအောင်.."

နောက်ထပ်ဆုံးရှုံးရမှာကိုသေမတတ်ကြောက်နေတဲ့Jaeminကကိုယ့်ကိုကိုယ်ပြန်‌အားပေးနေပေမယ့်တကယ်‌တမ်းမှာတော့ အသုံးမဝင်ခဲ့ပါဘူး။ ဒါပေမယ့်လည်းတစ်ရွေ့ရွေ့နဲ့ကုန်ဆုံးနေတဲ့အချိန်တွေကJaeminကိုပိုဖိအားပေး‌နေသလိုပါပဲ။

ရှေ့ဆက်ရမယ့်လမ်းအတွက်ရွေးချယ်ရမယ့် အဖြေကကြိုးတန်းပေါ်လမ်းလျှောက်နေရသလို။ သူ့ရဲ့အနာဂတ်ကိုအမိန့်ချပေးမယ့်အချိန်က နောက်တစ်နာရီအတွင်းချမှတ်တော့မှာလား..

✓✓

တစ်ဖက်ကဆေးရုံခန်းတစ်ခန်းမှာတော့ စကားနိုင်လုနေတဲ့သူငယ်ချင်းနှစ်ယောက်အသံနဲ့ဆူညံနေလေသည်။

"မရဘူးလို့ပြောနေတယ်Lee Jeno၊ မင်းတစ်ခုခုဖြစ်ရင် အမောင်တော်ဂျယ်မင်းက ဆေးရုံပေးဆင်းတဲ့ငါတို့ကိုပဲပြောမှာ"

Nono's NanaWhere stories live. Discover now