Nanaဆေးရုံဆင်းဆင်းချင်း မေမေစိတ်ပူမှာစိုးလို့ အိမ်သို့သာတန်းပြန်ခဲ့သည်။ ဒါတောင်မကျေနပ်ချင်သေးတဲ့jenoကိုလည်း aegyoတွေလုပ်ပြလိုက်ရတာအသက်ပါထွက်ချင်သွားသည်။ အိမ်ထဲဝင်ဝင်ချင်း TVရှေ့မှ sofaပေါ်ကရင်းနှီးနေတဲ့လူရိပ်တခုကြောင့် ဘယ်သူမှန်းသိချင်စိတ်ဖြင့်ဖြည်းဖြည်းချင်းသွားကြည့်မိသည်။"J... Jungmin!!"
"ကိုကို"
ရုတ်တရက်မထင်ထားရတဲ့လူကိုတွေ့လိုက်ရတာမို့ jaeminအံ့သြသွားပါသည်။ သို့သော် ထိုလူကသူကအရမ်းမျှော်လင့်နေခဲ့တာမို့ တွေ့တွေ့ချင်းပြေးဖက်ထားမိသည်။
"Nanaလေးရောက်ပြီလား ခရီးကောင်းကောင်းသွားခဲ့ရဲ့လား"
"ဗျာ ဟုတ်"
မေမေ့စကားကြားမှ သတိဝင်ကာညီငယ့်အား ဖက်ထားမိတဲ့လက်အစုံကိုလွှတ်ပြီး ယောင်ယောင်ကန်းကန်းပြန်ဖြေရသည်။ ထိုလူကတော့ တခြားလူမဟုတ် ၊ jaeminအရမ်းမျှော်နေခဲ့ရတဲ့ တစ်ဦးတည်းသောအမွှာညီလေး Jungminပင်။ အသက်၈နှစ်လောက်ကတည်းကဦးလေးနှင့်နိုင်ငံခြားထွက်သွားပြီး ဖုန်းအဆက်အသွယ်သာရှိခဲ့သည်။ အခုလိုရုတ်တရက်ရောက်လာမည်လို့လည်းမထင်ထားခဲ့။
"Na Jungmin ဘယ်တုန်းကရောက်တာလဲ မပြောမဆိုနဲ့"
ရှေ့ကနှုတ်ခမ်းတထော်ထော်နဲ့ ၂နာရီသာကြီးတဲ့ကိုကို့ကြောင့် jungminအော်ရယ်မိပါသည်။ အခုလည်းရယ်လို့ဆိုပြီးတစ်ပြစ်။
"ရယ်တယ်ပေါ့ လာစမ်း.. ဒီအစ်ကိုကကောင်းကောင်းဆုံးမပေးရမယ်"
ပါးစပ်ကလည်းပွစိပွစိပြောကာ ကလိလိုက်ထိုးနေသည်မို့Jungminတစ်ယောက် ဧည့်ခန်းတစ်ခန်းလုံးပတ်ပြေးနေရသည်။
"Hyung စတာ.. အား ယားတယ်လို့.."
မီးဖိုးချောင်ထဲကမေမေကတော့ ၁၀နှစ်ကြာကွဲကွာနေလို့ အနေအေးကြမယ်ထင်ထားခဲ့ပေမယ့် အရင်ကထက်ပင်ရင်းနှီးနေကြမို့ ပြုံးပြုံးဖြင့်သာထိုင်ကြည့်နေလေသည်။
"Jungmin-ah ချောလာတာပဲ Hyungကိုမှီဖို့တော့ကြိုးစားရဦးမယ်ထင်တယ်"
"ဟား ဖြစ်ရဦးမယ်ဒီမှာ ကိုကိုဘယ်သူ့ကိုမေးမေးကျွန်တော်ကပိုချောတယ်ဆိုတဲ့အဖြေဘဲထွက်လာမှာသိလား"
ESTÁS LEYENDO
Nono's Nana