Part 7 (U+Z)

621 61 4
                                    

(Unicode)

"Jaeminnie​ဖြည်းဖြည်းသွားပါကွာ"

အနောက်မှ ပြေးလိုက်လာတဲ့ခြေသံတို့ဖြင့် Haechanရဲ့အသံစူးစူးကြောင့် Jaeminခြေလှမ်းတွေရပ်တန့်လိုက်သည်။

"ဒါနဲ့ အခုဘယ်ကိုသွားနေတာလဲ"

jaeminသွားရာနောက်လိုက်ခဲ့တာအခုဆိုကျောင်းအပြင်တောင်ရောက်နေပြီမလို့ jenoမနေနိုင်ဘဲမေးမိသည်။

"ရောက်ရင်သိမှာပေါ့ မလိုက်ချင်မလိုက်နဲ့လို့ပြောခဲ့တယ်မလား"

"အေးပါ ငါမှားတယ် ဆက်သွား"

jaeminတစ်ယောက် Jenoအားမကြည်ကြည့်ဖြင့်ကြည့်ကာ လျှောက်လက်စခြေလှမ်းတွေကိုပင်ဆက်နေမိသည်။

မိနစ်၂၀နီးပါးလောက်လျှောက်လာခဲ့ပြီး Jaeminရဲ့ခြေလှမ်းတွေရပ်တန့်သွားတာက ခြံကျယ်ကြီးတစ်ခုဆီ။ ခြံကျယ်ကြီးထဲတွင် ဖြူဖွေးနေသော အုတ်ဂူများစွာဖြင့်သပ်ရပ်နေတာကြောင့် ဒါဟာမိသားစုသင်္ချိုင်းသာဖြစ်ရမည်။

"Jaemin-ah ဘာလို့ဒီကိုလာတာလဲ ငါကြောက်တယ်နော်"

"မင်းတို့လိုက်စရာမလိုပါဘူး ငါပဲသွားတွေ့မှာ"

ပြောပြောဖြင့် ခြံကျယ်ကြီး၏တံခါးကိုဆွဲဖွင့်ကာjaeminဝင်သွားလေသည်။ Jenoကတော့ Haechanကြောက်သည်ဆိုလို့ အပြင်မှာစောင့်နေခဲ့ပေးသည်။

Jaeminသွားရာမျက်စိတဆုံးလိုက်ကြည့်နေတဲ့Jenoက တစ်နေရာရောက်တော့ ဒူးလေးထောက်ကာ လွယ်အိတ်ထဲမှ ပန်းစီးတစ်ချို့နှင့် ဆိုဂျု၂ပုလင်းအား ထုတ်လိုက်သည်ကိုမြင်တွေ့လိုက်သည်။

"ဘိုးဘိုး ကျွန်တော်လာတွေ့တယ်နော် အားလုံးအဆင်ပြေတယ်မလား ၊ မကြာမကြာမလာနိုင်လို့တောင်းပန်ပါတယ် ၊ ကျွန်တော်အခုအသက်ပြည့်သွားပြီ ဘိုးဘိုး ၊ အတူတူသောက်ရအောင်လေ.."

အုတ်ဂူကိုကြည့်ကာတစ်ယောက်ထဲစကားတွေပြောနေတဲ့Jaeminက ဆိုဂျုကိုခွက်ထဲထည့်ကာ ရှေ့မှအုတ်ဂူရှေ့လည်းချပေးလိုက်သလို သူလည်းတစ်ခွက်မော့လိုက်သည်။

"ဘိုးဘိုး .. ဘိုးဘိုးသားကဘာလို့ဒီလောက်မိုက်ရတာလဲဟင် ၊ ကျွန်တော်နားမလည်ဘူး ၊ သူကျွန်တော်တို့ကိုတကယ်ရောချစ်ခဲ့ရဲ့လား ၊ သူတကယ်ချစ်ရင်ကျွန်တော်တို့အပေါ်ဒီလိုမလုပ်လောက်ဘူးလေ.. ကျွန်တော်မမှားဘူးမလား ဘိုးဘိုး ၊ ဟင်.. ကျွန်တော်အခုလိုလုပ်တာမမှားဘူးမလား "

Nono's NanaDonde viven las historias. Descúbrelo ahora