Unicode
"နှုတ်ဆက်လိုက် ဒါအခုကစပြီးမင်းတို့ရဲ့အဖေပဲ"
"ဟမ်"
မျက်စိရှေ့ကမွေးမိခင်ကိုတစ်လှည့်၊ ဘေးကလူကိုတစ်လှည့်မျက်လုံးပြူးနဲ့ကြည့်နေတဲ့Jungminကဘာမှမပြောနိုင်အောင် shockရသွားပုံပေါ်သည်။ ဆေးရုံကဆင်းဆင်းခြင်းအိပ်ရာထဲပြေးခုန်ဖို့တွေးထားတာ အိမ်အဝမှာတင်ကြားလိုက်ရတဲ့စကားကသွေးပျက်ချင်စရာ။
"အခုဘာလုပ်နေတာလဲ"
Jungminအနောက်ကနေမားမားမတ်မတ်နဲ့ရှေ့ထွက်လာတဲ့သူက Na Jaeminလို့နှစ်ခါပြောစရာမလိုပေ။
ဂရုမစိုက်တဲ့မျက်နှာထားနှင့် မျက်ခုံးတစ်ဖက်ပင့်ကာသူ့အမေနှင့်ဘေးကလူကိုတစ်လှည့်စီကြည့်နေတဲ့Jaeminက စိတ်ထဲမှာပေါက်ကွဲနေမှာသိသာသည်။ သက်ပြင်းချသံတိုးတိုးနဲ့အတူ Parkမျိုးနွယ်ဆိုသူဘေးကလူကမိတ်ဆက်လာတဲ့အချိန်မှာတော့သူမျက်လုံးကိုစုံမှိတ်ကာဝင်လေထွက်လေမှတ်နေရသည်။
"ဘာတွေဖြစ်ခဲ့လဲသိရက်နဲ့ဒီအကြောင်းကိုအခုပြောမှဖြစ်မှာလား?"
"Jaemin"
"မင်းဝင်မပါနဲ့Jungmin, အပေါ်တက်တော့"
"ဘယ်သူမှဝင်ပါစရာမလိုဘူး။ မင်းတို့ကိုမိတ်ဆက်ပေးရုံပဲ၊ ဒီလူကိုသိပြီဆိုရင်ရပြီ"
ခပ်တန်းတန်းပြောလိုက်တဲ့မိခင်ကြောင့်အောက်နှုတ်ခမ်းကိုပြတ်ထွက်သွားမတက်ဖိကိုက်ထားမိသည်။
အခုတော့သူတို့ခံစားချက်ကအရေးမကြီးတော့ဘူးလား။
"မေမေ အခုဘာတွေလုပ်နေတာလဲ"
"ငါလုပ်နေတာမင်းမြင်တာပဲမလားJungmin၊ မင်းတို့လက်ခံမှာမဟုတ်မှန်းသိတယ်။ ဒါပေမယ့်ပြောရရင်မင်းတို့မျက်နှာကိုကြည့်ပြီးနေစရာအကြောင်းလည်းမရှိဘူးပဲလေ"
တည်တည်ငြိမ်ငြိမ်နဲ့တစ်လုံးခြင်းထွက်လာတဲ့စကားလုံးတွေသူ့ရဲ့စိတ်ကိုလာဆွနေသလို။ မကောင်းတဲ့အဖေအရင်းထက် လူကောင်းကိုတွေ့ရင်တော့လွှတ်ပေးမယ့်သားဆိုပေမယ့်ဒီလိုပုံစံနဲ့တော့လွယ်လွယ်လေးမလွှတ်ပေးနိုင်။ ဒီလူကိုဘယ်ကရှာလာလဲဆိုတာတောင်သူမသိဘူးလေ။
YOU ARE READING
Nono's Nana