Part 17 (U+Z)

448 41 0
                                    

Unicode

𝖭𝗈𝗇𝗈'𝗌 𝖭𝖺𝗇𝖺 (𝖯𝖺𝗋𝗍 17)

"𝖱𝖾𝗇"

အတန်းထဲဘယ်သူမှမရှိသေးတဲ့အချိန်မို့ တစ်ယောက်ထဲစာဖတ်နေမိသည်။ ထိုအချိန်အနောက်ဖက်က ခေါ်သံ‌တိုးတိုးကြောင့်လှည့်ကြည့်မိတော့မည်သူမှမတွေ့ရ။

နားကြားမှားသည်ဟုမှတ်ကာ ခေါ်သံအား လျစ်လျူရှုပြီးစာပြန်ဖတ်မည်အလုပ် မိမိခေါင်းပေါ်‌ မေးလာတင်တဲ့ ခေါင်းလုံးလုံးလေးကြောင့် အလန့်တကြားမော့ကြည့်မိသည်။

"မင်း!"

Renjunအလန့်တကြားထအော်တော့ အလှဆုံးအပြုံးတွေနဲ့ ဘေးနားကနေရာလွတ်ကိုဝင်ထိုင်တဲ့ကောင်လေးက တစ်ဦးတည်းသော 𝗝𝗮𝗲𝗺𝗶𝗻ရဲ့ညီဆိုးလေးပါပဲ။

"𝖱𝖾𝗇က ငါခေါ်တာမှဂရုမစိုက်တာ"

"အော် မင်းကိုတွေ့မှမတွေ့တာ၊ ဒါနဲ့ ဒီကိုဘယ်လိုရောက်လာတာလဲ"

"ကိုကိုကပြိုင်ပွဲရှိတယ်လေ၊ 𝖩𝖾𝗇𝗈လည်းလိုက်သွားတာကြောင့် ငါကလူများတဲ့နေရာတွေမကြိုက်တာနဲ့အတန်းထဲလာအိပ်တာ၊ မင်းရှိနေမှန်းမသိလိုက်ဘူး"

"ပြိုင်ပွဲကဒီနေ့ပဲ"

𝖱𝖾𝗇𝗃𝗎𝗇သက်ပြင်းယဲ့ယဲ့ချကာ လေးလံစွာ ရေရွတ်မိသည်။

"ဟုတ်တယ်၊ 𝖱𝖾𝗇ကရော ဘာလို့မသွားတာလဲ"

"ဟင် မဟုတ်ပါဘူး ဒီအတိုင်း၊ 𝖩𝖾𝗇𝗈ရှိနေရင်ပဲသူအဆင်ပြေမှာပါ"

"𝖱𝖾𝗇.. မင်း..!"

"ဘာ ဘာလဲ"

"ငါထင်တာမှန်နေတာလား𝖱𝖾𝗇𝗃𝗎𝗇"

"ငါ.. ငါ"

"ငါမရည်ရွယ်ပါဘူး"

"မင်းဘာအမှားမှမလုပ်ထားဘဲ"

"အင်း၊ ဘာပဲဖြစ်ဖြစ်ပါ"

𝖱𝖾𝗇𝗃𝗎𝗇အားမသက်သာစွာကြည့်ရင်း 𝖩𝗎𝗇𝗀𝗆𝗂𝗇ခေါင်းခါမိသည်။

ထို့နောက် အကြောင်းမဲ့စွာဖုန်းကိုထုတ်ကြည့်ရင်း ကိုကိုဆီက 𝗆𝖾𝗌𝗌𝖺𝗀𝖾ဝင်လာတာ‌ကြောင့်ဝင်ဖတ်လိုက်သည်။

"ကိုကိုတို့နိုင်သွားပြီတဲ့"

ဖုန်းကိုကြည့်နေရင်းနဲ့သာ ပြုံးလျက်𝖩𝗎𝗇𝗀𝗆𝗂𝗇လေသံတိုးတိုးဖြင့်ပြောတော့ 𝖱𝖾𝗇𝗃𝗎𝗇လည်းပြုံးနေလေသည်။

Nono's NanaTempat cerita menjadi hidup. Temukan sekarang