Part 12 (U+Z)

494 45 12
                                    

ကျောင်းခန်းတစ်ခန်းလုံးမှ အပ်ကျသံပင်မကြားနိုင်အောင်တိတ်ဆိတ်လွန်းနေသော်လည်း အခန်းနောက်ဘက်ထောင့်က စကားဝိုင်းကတော့ဆူညံလျက်ပင်။

ထိုနည်းတူအသံမထွက်ရဲသော်လည်း လူတိုင်းကိုယ်စီအံ့သြခြင်းများစွာဖြင့် မယုံနိုင်ဖြစ်နေကြသည်။ ဒါကတော့ Na Jungminကြောင့်သာ ဖြစ်လိမ့်မည်။

"Jaemin မင်းကွာ ဒီလောက်ချောတဲ့ညီလေးရှိတာဥထားရတယ်လို့"

"ဒီရုပ်ချင်းကို.."

" jaeminရာ ရုပ်ချင်းတူပေမယ့်စိတ်ချင်းမတူဘူးကွ မင်းကသဘောထားသေးပေမယ့် jungminကျ..."

စကားမဆုံးသေးခင်အခန်းထဲပတ်ပြေးနေတဲ့ haechanနဲ့ စာအုပ်အထူကြီးကိုင်ကာ ပွစိပွစိနဲ့ကျိန်ဆဲနေပြီးလိုက်နေတဲ့ jaeminကြောင့် တခန်းလုံးဆူညံ့သွားပြန်လေသည်။

"ကဲပါ တော်ကြတော့ Hyuckလာထိုင်ချည် nanaလည်းတော်ပြီ"

Renjunဝင်ရှင်းမှတဖန်ငြိမ်သက်သွားတဲ့စကားဝိုင်းနဲ့အတူ မျက်လုံးများကအငယ်ကောင်လေးဆီသို့..
(I mean Jungmin😀)

"မင်းက Jungminပေါ့"

"အင်း.."

"အင်း အများကြီးတော့ပြောစရာမလိုပါဘူး ငါတို့နားကပ်နေရင်ရပြီ"

"ဘာဖြစ်လို့လဲဟင်?"

Jaeminရဲ့အမွှာသာဆိုတယ် jaeminလို အရာရာကိုဂရုမစိုက်တတ်တဲ့လူစားမျိုးမဟုတ်ဘဲ သွက်လက်လွန်းတဲ့ အငယ်လေးကြောင့်renjunပြုံးလိုက်မိသည်။

"ဒီလိုပါပဲ မင်းအစ်ကိုကဒီကျောင်းမှာ ဇိုးဆိုပေမယ့် ဇိုးရဲ့ညီလေးကတော့ အာမမခံနိုင်ဘူးလေ.."

"အာ ဟေ့ကောင်တွေ ညီ့ကိုစမနေနဲ့တော့"

"ဟား အေးပါကွာ ဒါနဲ့jenoရော"

"ဟင် ငါလည်းမသိဘူး"

Yangyangအမေးကို jaeminအခန်းပြင်ဝေ့ဝိုက်ကြည့်ရင်း အေးဆေးသာပြန်ဖြေလိုက်သည်။

"မင်းလည်းနော် ကိုယ့်ရည်းစားတစ်ယောက်လုံးဘယ်မှာရှိနေလဲတောင်မသိဘူး"

"ငါသိမလားကွာ အဲ့တေလေဂျပိုးကစာကြည့်တိုက်ပဲအောင်းနေမှာပေါ့"

Nono's NanaOù les histoires vivent. Découvrez maintenant