Part 3 (U+Z)

751 74 7
                                    

(U)

Kitchenထဲမှာ ညစားချက်ပြုတ်နေပုံရတဲ့ Mrs. Naတစ်ယောက် အိမ်ရှေ့ဖက်မှ ဝုန်းဒိုင်းကြဲဝင်လာတဲ့ Jenoကြောင့် သူမ ရိပ်မိပါသည်။ Nanaလေးလည်းစောစောက အိမ်ရောက်ကတည်းက ဝုန်းဒိုင်းကြဲလာတာ။ ဒီကလေးတွေရန်ဖြစ်ထားတယ်ဆိုတာ သူတပ်အပ်ပြောနိုင်တာပေါ့။

"Nonoလေး Nanaအခန်းထဲမှာရှိတယ် ဝင်သွားချေ"

နားလည်သူပီပီ Nomin Shipperတဖြစ်လဲ Nanaမေမေက Jenoအားအပေါ်ထပ်သို့ မေးဆက်ပြသည်။ Jenoလည်းအလိုက်သိလွန်းသည့် ယောက္ခမကြီးကိုပြုံးပြကာ အပေါ်ထပ်မှ Nanaအခန်းသို့ပြေးတက်ခဲ့သည်။

"Nana"

အခန်းထဲရောက်တော့ အခုမှရေချိုးပြီးပုံရတဲ့ အကောင်ပေါက်က အပေါ်ပိုင်းဘာမှမဝတ်ထားကာ အောက်ပိုင်းက တဘက်တစ်ခုသာကပ်နေတဲ့ ခန္ဓာဖြူဖြူလေးကြောင့် သတိလက်လွတ်ငေးကြည့်နေမိသည်။

အသံကြားလို့လှည့်ကြည့်တဲ့ Nanaလေးကတော့ Jenoအပေါ်ဘာစိတ်မှမရှိတာကြောင့် အေးအေးလူလူပင် ဗီရိုထဲမှအဝတ်တွေကို စိတ်ပြေလက်ပြေထိုင်မွှေနေလေသည်။

"နှာဗူးကောင် မဝင်ဘဲထိုင်ကြည့်နေတော့မှာလား"

Nanaရဲ့ဘုဆတ်ဆတ်အသံကြားမှ သတိဝင်ကာ တံတွေးမျိုချ၍ အခန်းထဲသို့မဝင်ရဲဝင်ရဲဖြင့်ဝင်သွားလေသည်။ ပြောသာပြောတယ် ခြေထောက်အစုံကသစ္စာဖောက်လို့ Nanaကုတင်ပေါ်တောင်ရောက်နေပြီ။

ထို့နောက် ဝတ်စရာတွေ့သွားသည်ထင်ပါ့။ Hoodieတစ်ထည်နဲ့ ဘောင်းဘီကိုယူကာ သူ့အားဘုကြည့်ကြည့်လာလေသည်။ ပြောချင်တာက သူအဝတ်လဲမလို့အပြင်ထွက် ဆိုတဲ့သဘောပေါ့။Jenoလည်းအလိုက်သိကာ အခန်းပြင်လာခဲ့သည်။ ထို့နောက် အိမ်အောက်ဆင်းကာ ဧည့်ခန်းမှာ ညစာချက်နေသည့် Nanaမေမေဆီအပူသွားကပ်နေလေသည်။

"Ommonie~"

"Nonoလေး ဘာကိစ္စရှိလို့လဲ"

Nanaမေမေရဲ့ တုံ့ပြန်သံကြားတော့ Jenoမျက်လုံးများအရောင်လက်သွားသည်။ Nanaစိတ်ဆိုးနေတာအခုချိန်ကူညီနိုင်တာ ယောက္ခမကြီးတစ်ယောက်ပဲရှိတယ်လေ။

"Ommonie.. Nanaလေ သားကိုစိတ်ဆိုးနေတယ်"

"ဟုတ်လား ပြီးရင်အန်တီပြောပေးမှာပေါ့.. အမလေး ဒီလောက်ချစ်စရာ​ကောင်းတဲ့ Nonoလေးကိုစိတ်ဆိုးရက်တယ်လို့"

Nono's NanaDonde viven las historias. Descúbrelo ahora