(Unicode)
"Nana-ah အန်တီရော?"
"မေမေက အလုပ်ကိစ္စကြောင့် Canadaသွားတယ်.. "
"ဟင် ဘယ်လောက်ကြာမှာလဲ"
"၂ပတ်လောက်ပေါ့.."
"ဒါဆိုမင်းကကော"
မေမေမရှိရင် ကြောင်ပေါက်လေးကလက်သည်းမရှိသလို ဘာမှမလုပ်တတ်မကိုင်တတ်တဲ့ သဌေးသားလေးကိုစိတ်ပူစွာ jenoမေးမိပါသည်။
"24hrs Martနဲ့ညားရမှာပေါ့"
ရှေ့ကအကောင်ပေါက်က မျက်လုံးလေးတွေပင်မှိတ်သွားသည်အထိပြုံးပြနေပေမယ့် jenoကတော့စိတ်တိုင်းမကျ။ နေ့တိုင်းဒါတွေစားနေရင်နေမကောင်းဖြစ်မယ်လေ.. နဂိုကမှ ချူချာတဲ့ကလေးက ၂ပတ်လုံး ခေါက်ဆွဲပြုတ်နဲ့နှစ်ပါးသွားနေလို့မှမရဘဲ။
"ငါကကော"
"ဘာကလဲ"
"ငါရှိတယ်လေ မေ့နေတာလား"
သဌေးသားချင်းအတူတူတောင် jenoဖေဖေကငယ်ငယ်ကတည်းက အစအဆုံးလုပ်တတ်ကိုင်တတ်အောင်သင်ပြပေးခဲ့တာမလို့ jaeminထက်တော့ ချက်ပြုတ်တတ်ပါသေးသည်။ အဲ့တာကြောင့်လည်း အကြီးပီပီ လူစွမ်းကောင်းဝင်လုပ်ရဲတာပေါ့။
"မင်း?? မင်းကဘာလုပ်တတ်လို့လဲ"
"မင်းထက်တော့လုပ်တတ်တယ်လေ"
သူ့စကားဆုံးတော့ ရှေ့စားပွဲမှာထိုင်ပြီး ဖုန်းနှိပ်နေတဲ့ကလေးက အော်ရယ်လေသည်။
"လှောင်တာလား"
"ဟား မဟုတ်ရပါဘူး ဒီNanaထက် လုပ်တတ်တဲ့ Nonoကပဲ Nanaကိုချက်ကျွေးပါနော်"
မျက်လုံးတွေပင်ဝိုင်းကာ နှုတ်ခမ်းဆူပြီးလာချွဲနေတဲ့အကောင်ပေါက်ကြောင့်ကြည်နူးချင်သော်လည်း အကြည့်များကလက်ထဲမှဖုန်းဆီ။ ဘေးကကြည့်ရင်တောင် ဖုန်းအကြောင်းကျွမ်းကျွင်လှတဲ့jenoက jaeminတစ်ယောက်ယောက်နဲ့ စကားပြောနေမှန်းတန်းသိပါသည်။
"အ့ Lee Jenoဘာလုပ်တာလဲ"
သိချင်စိတ်ဖြင့် လက်ထဲမှဖုန်းကိုဆွဲလုလိုက်တော့ ခေါင်းမော့ကာရန်တွေ့လေသည်။ သူ့အားဂရုမစိုက်ဘဲ chatထဲကိုသာ အာရုံစိုက်ပြီးဖတ်မိတော့ ဒေါသကအရင်ကထက်ပိုထွက်လို့လာလေသည်။
YOU ARE READING
Nono's Nana