Part 26 (U+Z)

735 40 2
                                    

Unicode

သာယာတဲ့နံနက်ခင်းမှာနိုးလာချင်ပေမယ့်သူကတော့ဆူညံတဲ့နံနက်ခင်းမှာနိုးလာရသည်။ မျက်စိရှေ့က ကိတ်မုန့်ကိုင်ထားတဲ့လူနဲ့ဘေးကသူငယ်ချင်းတစ်ချို့ကိုကြောင်ကြည့်နေတဲ့Jaeminက ပြတင်းပေါက်မှငှက်သံတွေကြားမှသတိဝင်သည်။

"အခုဘာလုပ်နေကြတာလဲ"

"Jaemin-hyung မေ့နေတယ်လို့တော့မပြောနဲ့နော်"

Jisungစကားကြောင့်ကုတင်ဘေးကပြက္ခဒိန်ကိုလှမ်းကြည့်မိတော့ August 13th. August 13က... သောကြာနေ့ပဲ!

"လွန်ခဲ့တဲ့၂၁နှစ်? ဘယ်နှနှစ်လဲငါလည်းမေ့သွားပြီ၊ ဒီလိုနေ့မှာ နာမျိုးနွယ်နှစ်ယောက်မွေးခဲ့တယ်တဲ့"

"ဟုတ်လား"

ရုပ်တည်နဲ့Renjunစကားကိုနားထောင်နေတဲ့သူ့ကိုကြည့်ပြီးခေါင်းထခေါက်သူမှာLee Haechan။ မွေးနေ့ကိတ်ကိုင်ပြီးသူတို့ကိုကြည့်ကာရယ်နေသည့်Jenoကဆူဖို့စိတ်ကူးတောင်ရှိပုံမရပေ။

"ဟေ့ကောင်"

"တော်ပြီJeno ၊ လာ Jungminဆီသွားမယ်"

"Hyuckieနေဦးလေ"

ကုတင်ပေါ်ကချက်ချင်းထဆင်းကာ လက်လှမ်းဆွဲတဲ့Na Jaeminကမျက်နှာချိုသွေးကာHyuckရဲ့ပါးကိုလှမ်းနမ်းသည်။ ဝိုင်းအော်နေကြတဲ့သူငယ်ချင်းတွေနဲ့ပြည့်နေတဲ့အခန်းထဲမှာ သဝန်မတိုဘဲထိုင်ရယ်နေတဲ့Leeမျိုးနွယ်လည်းရှိပါသေးတယ်။

"မငတ်ချင်ရင်မြန်မြန်အောက်ဆင်းခဲ့"

Jenoလက်ထဲကကိတ်မုန့်ကိုဆွဲယူကာထွက်သွားတဲ့Haechanနဲ့အတူRenjunတို့ပါလိုက်သွားလေသည်။ ကျန်ခဲ့တဲ့Jenoကပြုံးစိစိနဲ့အနားကပ်လာတာကြောင့်မရဲတရဲပြန်ပြုံးပြလိုက်ပေမယ့် ပြန်ရလာတာကနဖူးပေါ်ကအနမ်းတစ်ပွင့်။

ကျန်တဲ့လက်ဆောင်တွေမလိုတော့တဲ့အထိ Jenoရဲ့အနမ်းတစ်ပွင့်ကပြည့်စုံလွန်းသည်။

"Happy birthday love."

Jenoကခပ်တိုးတိုးရေရွတ်သွားပြီးသူတစ်ယောက်တည်းကျန်ခဲ့ပြန်သည်။ အခန်းထဲ အရူးတစ်ယောက်ပြုံးနေတဲ့Jaeminကတော့ ပြင်ဆင်ဖို့မေ့နေတဲ့ပုံပါပဲ။

"Minnie?"

"Hyung!"

Jaeminအောက်ထပ်ဆင်းဆင်းချင်းမြင်လိုက်ရတဲ့လူက Jaehyunဖြစ်နေတာကြောင့်ချက်ချင်းပြေးဖက်လေသည်။ ခဏကြာတော့ဧည့်ခန်းတစ်ဝိုက်လှမ်းကြည့်မိတော့ မိသားစုအပြင် Driver.Kimသာရှိနေတာကြောင့်နွေးထွေးတဲ့ခံစားချက်ကဘာနဲ့မှမလဲနိုင်ပေ။

Nono's NanaWhere stories live. Discover now