Chapter 1

1K 37 0
                                    


"Jisoo နင် ငါ့ကို ဘယ်လောက်ထိ အရှက်ရအောင်လုပ်နေအုံးမှာလဲ?"
"နင့်ကို ငါမွေးထားရတာ ၀မ်းရေစပ်တာပဲအဖတ်တင်တယ်"
"ပညာရေးဘက်မှာလဲ နင်စိတ်မဝင်စား၊အရေးမပါတဲ့ကိစ္စတွေကိုပဲ နင်အရေးပေးနေလို့ ကျောင်းကခေါ်ခံရလို့ ငါ့မှာလက်မှတ်လိုက်ထိုးပေးရတာလဲခဏခဏ၊ အခု ကိစ္စကတော့ ငါ့တသက်လုံးအရှက်အရဆုံးကိစ္စပဲ"
"နင် မိန်းကလေးချင်းမှကြိုက်ရတယ်လို့ မရှက်ဘူးလား? ငါ့မှာတော့ နင့်ကို ငါ့သမီးလို့ပြောရမှာတောင်ရှက်တယ်"

အိုမားပြောသမျှကို Jisoo ဘာတခုမှပြန်မပြောဘဲ ခေါင်းငုံပြီးသာ ငြိမ်ခံနေလိုက်သည်။ ပြန်ပြောရင်လဲ အခြေအနေတွေခုထက်ပိုဆိုးကုန်မည်မဟုတ်လား။

"နင့်ကိုပြောလိုက်ရင် အမြဲတမ်း အဲ့လိုပဲ။ ပြန်မပြောနားမထောင်လုပ်နေမှာလား? နင် ငါ့ဒေါသကို စွနေတာလား၊နင့်ကြောင့်နဲ့ ငါရှက်လွန်းလို့သေတော့မယ်"
"နင်အဲ့ကောင်မလေးနဲ့ ရှေ့လျောက်မပက်သက်နဲ့
နောက်နေ့ကစပြီးကျောင်းမသွားနဲ့ နင့်ကိုအဲ့ကျောင်းကပြောင်းပစ်မယ်"

အိုမားရဲ့စကားတွေကို Jisoo အဆုံးထိ သည်းခံဖို့လုပ်ထားပေမယ့်လဲ....

"အိုမား သမီးကဘာလို့အဲ့ကနေပြောင်းပေးရမှာလဲ၊ အခုကိစ္စလဲ ဘယ်သူမှ သိတာမဟုတ်ဘူး၊
အိုမားကိုလာမကြိုနဲ့လို့ Soo ပြောခဲ့တာပဲ၊ ဘာလို့လာကြိုလဲ၊မမြင်ချင်တာတွေ မြင်မှ သမီးကိုအပြစ်လာမပြောနဲ့"

"နင်ပြောချင်တာက လာကြိုတဲ့ ငါကပဲမှားတယ်လို့ ပြောချင်တာလား၊ နင်က ဘာတွေမှန်နေလို့ ငါ့ကို ဒီလိုလေသံနဲ့ပြန်ခံပြောနေတာလဲ"

"ကောင်မလေးတယောက်နဲ့ ကြိုက်တာ ဘယ်လောက်များအပြစ်ကြီးနေလို့လဲ၊ဒီခေတ်ကြီးမှာ ဘယ်သူတွေက ဒီကိစ္စကို အဲ့လောက် Seriousဖြစ်နေလို့လဲ"

"ဘယ်သူ ဟုတ်လား? အေး နင့်အမေဖြစ်တဲ့ ငါဖြစ်တယ်။ နင့်ရဲ့လုပ်ရပ်တွေကို မှန်တယ်ထင်နေတာလား၊ လူဆိုတာပတ်၀န်းကျင်နဲ့နေတာ
နင်ရဲ့လုပ်ရပ်က ပတ်၀န်းကျင်မှာ ရှူံ့ချစရာကိစ္စဖြစ်နေတာကော နင်သိရဲ့လား?"

"ပတ်၀န်းကျင်ကို သမီးက ဘာလို့ ဂရုစိုက်နေရမှာလဲ၊ သမီးကျောင်းကနေလဲ မပြောင်းနိုင်ဘူး၊ အိုမားဇွတ်လုပ်ရင် နောက်မှ သမီးကိုအပြစ်မပြောနဲ့"ဟု ပြောကာ Jisooထိုနေရာမှ အခန်းထဲသို့ မြန်မြန်သာ၀င်ခဲ့သည်။

In Another life I Would Be Your GirlNơi câu chuyện tồn tại. Hãy khám phá bây giờ