Chapter 12

25 4 0
                                    

Heyri Unnieက စကားများပင်ထစ်‌နေသဖြင့် ကျမကပဲ ၀င်ပြီး

"စာမေးပွဲနောက်ဆုံးနေ့မို့ Lisa နဲ့ ကစားကွင်းကိုလျှောက်လည်ဖို့သွားတာ ကစားကွင်းရောက်မှ Lisaအဖေ ဆေးရုံရောက်တယ်ဆိုပြီးဖုန်းဆက်လာလို့ Lisaက အမြန်ပြန်သွားရတာ Roséတယောက်ထဲဖြစ်နေတုန်း Heyri Unnieနဲ့ မထင်မှတ်ပဲတွေ့တာ" ဆိုပြီး ကျမ၀င်ရှင်းပြလိုက်တော့မှ Jisoo Unnieက

"အော် ... ဒါနဲ့ Lisaဆီဆက်သွယ်ကြည့်အုံးလေ သူ့အဖေ သက်သာရဲ့လားလို့"

"သူ Roséဆီ Message ပို့လာတယ် အဆင်ပြေတယ်တဲ့"

"တော်သေးတာပေါ့"

ထိုအချိန်၌ Heyri Unnieက
"Rosé အဲ့တာဆို Unnieပြန်တော့မယ်လေ၊ Jisoo ငါပြန်တော့မယ်နော်"

"ဟုတ် Unnie"ဆိုပြီး ကျမက နှုတ်ဆက်လိုက်ပေမယ့် Jisoo Unnieက ဘာမှပြန်မပြောပဲ Heyri Unnieကို ခေါင်းသာငြိမ့်ပြလိုက်တယ်။
ပြီးတော့ ကျမတို့ညီမနှစ်ယောက်အိမ်ပြန်လာခဲ့တော့သည်။

အိမ်သို့အရောက် အိုမားက
"သမီးတို့အတူတူပြန်လာကြတာလား?"

"ဟုတ်အိုမား"ဟုဆိုပြီး Jisoo က ပြန်ဖြေပြီး ဘာမှမပြောပဲ မျက်နှာတည်နဲ့အပေါ်သို့တက်သွားသည်။

အိုမားက "သမီးအမ ဘာဖြစ်လာတာလဲ"ဟုမေးတော့ "Rosé လဲမသိဖူး အိုမား"ဟုဖြေလိုက်သည်။

"ဒါနဲ့ အငယ်လေး စာမေးပွဲပြီး‌တော့ ဘယ်တွေလျှောက်လည်ခဲ့လဲ"

"ကစားကွင်းသွားခဲ့တယ် အိုမား"

"တယ်ဟုတ်ပါလား Lisaနဲ့လား?"

"အစကတော့ Lisaနဲ့ ပြီးတော့ Heyri Unnieနဲ့ပဲလည်လိုက်ရတယ်"

"ဘယ်လိုဖြစ်လို့လဲ အငယ်လေးရဲ့"

" ဖြစ်ပုံကဒီလိုသမီးနဲ့ Lisa ကစားကွင်းရောက်တော့ သူ့အဖေမူးလဲတယ်ဆိုပြီး
ဖုန်းဆက်လာတာနဲ့ သူကပြန်သွားရတာ"

"အယ် ဖြစ်မှဖြစ်ရလေ ပြီးမှ Lisaလေးကို အိုမားဖုန်းဆက်ပြီး သတင်းလှမ်းမေးလိုက်အုံးမယ်"

"ဟုတ်အိုမား သမီးလဲအဲ့တာဆို အပေါ်တက်တော့မယ်နော်"

"အေးပါ အငယ်လေးရေ"

ကျမ အခန်းထဲရောက်တော့ Jisoo Unnieက ရေချိုးခန်းသုံးနေတော့ ကျမလဲ စာကြည့်စားပွဲမှာ ခဏထိုင်ပြီး လွယ်အိတ်ထဲမှာထည့်လာတဲ့ Heyri Unnie ကောက်ပေးတဲ့ အရုပ်လေးကို ထုတ်ပြီး စင်လေးပေါ်တင်ထားလိုက်သည်။
ခဏအကြာ Jisoo Unnieက ရေချိုးခန်းမှထွက်လာပြီ စားပွဲဘက်ကို လှမ်းကြည့်ကာ

In Another life I Would Be Your GirlWhere stories live. Discover now