အချိန်တွေကုန်တာကလဲ အလွန်မြန်ပါတယ်။
ဘာလိုလိုနဲ့ ကျမတို့ရဲ့ အလယ်တန်းနောက်ဆုံးနှစ် စာမေးပွဲကြီးဖြေရဖို့တောင် အချိန်သိပ်မလိုတော့ပါလား။"ကဲ ကလေးတွေ ဒီနေ့က စာသင်ရက်နောက်ဆုံးနေ့ပဲ နောက်နေ့က စပြီး စာမေးပွဲအတွက်စာလုပ်ဖို့ Private Study 10ရက်ရမယ်၊ အဲ့အတောအတွင်းစာကိုသေချာလေ့လာကြပါ
အဆင်မြင့် အထက်တန်းကျောင်းတက်ရအောင်ကြိုးစားကြနော်၊အမှတ်နည်းရင် ကျောင်းရွေးတဲ့အခါ အခက်အခဲဖြစ်မယ်၊ဆရာမပြောတာကိုနားလည်ကြတယ်မလား?"
"Nae နားလည်ပါတယ်"
"ဆရာမကတော့ ကျောင်းမှာပဲရှိနေမယ်
ဒီအတောအတွင်း စာမေးစရာရှိရင် ဆက်သွယ်ပြီး လာမေးလို့ရပါတယ်"
"Nae"
"ကဲကဲ ဒါဆို တာ၀န်ကျတဲ့ ကျောင်းသူကျောင်းသားတွေက သန့်ရှင်းရေးလုပ်ပြီး အခန်းတံခါးကိုသော့သေချာခတ်ခဲ့ ပြီးရင် ဆရာမကိုသော့ လာအပ်ပေးပါ၊ ကျန်တဲ့သူတွေလဲ စာမေးပွဲနီးပြီမို့ အိမ်ကိုသေချာပြန်ပြီး စာလေ့လာတာကိုပဲ အာရုံစိုက်ကြပါ"
"Nae"
ထို့နောက် ကျောင်းသူကျောင်းသားများလဲ
လှုပ်လှုပ်ရွရွနှင့် ပြန်ဖို့ပြင်ဆင်ကြသည်။
"Lisaစာအုပ်တွေသေချာစစ်နော်၊ကျန်နေခဲ့မယ်
မပြန်ခင် နင့်ရဲ့ Lockerထဲက လိုအပ်တဲ့စာအုပ်တွေယူဖို့လဲ မမေ့နဲ့နော်" ဟု ကျမက ရှပ်ပြာပြာနိုင်တဲ့ Lisaအား ဆရာမကြီးလုပ်ရလေသည်။
"အင်းပါ သိပါတယ် စာမေးပွဲကဖြေရတော့မယ် စိတ်ညစ်ချက်ပဲ"
"စာလုပ်ရမယ်ဆို Lisaတို့ အသံတွေထွက်လာပြီ"
"ငါသာ တန်ခိုးရှင်ဆို စာမေးပွဲတွေမရှိအောင်လုပ်ပစ်တယ် သိလား"
"စိတ်ကူးတွေလျောက်ယဉ်မနေနဲ့နော်
တကယ်မဖြစ်နိုင်တာတွေ စာလုပ်ဖို့သာအာရုံစိုက်၊ဉာဏ်လေးလဲကောင်းရဲ့သားနဲ့ စာဆိုပျင်း၊ စာလုပ်ဖို့ဆိုပြောနေရတယ် တကယ်ထဲ၊ကျောင်းက စုံညီပွဲ၊ပျော်ပွဲရွှင်ပွဲဆိုရင်တော့
နင်ထိပ်ဆုံးကပဲ"ဟု ကျမ Lisaကို ခပ်ရွဲ့ရွဲ့လေးပြောလိုက်တော့
"Rosé Ya , နင်စဉ်းစားကြည့်စမ်းပါဟာ
ငါက အဆိုလဲတော်၊အကလဲ၊ရုပ်ကလဲချော ၊ဉာဏ်ကပါ ကောင်းနေသေးတယ်ဟာ အဲ့တာကို ငါက စာပါထပ်တော်နေလိုက်ရင် တခြားကလေးတွေကို အားနာစရာကြီးဖြစ်နေမှာပေါ့၊ ငါကအဲ့လို အားနာစရာတွေကို မလုပ်ချင်ဘူး"
"Haha စာလုပ်ဖို့ပျင်းရင်ပျင်းတယ်ပေါ့ ဘာတုန်း
အားနာစရာ ကပ်သီးကပ်သတ်လျောက်ပြော၊သိမ်းစရာရှိတာမြန်သိမ်းတော့ ပြန်ကြမယ်
လီပျင်းရေ"ဆိုပြီး ကျမ သူ့ကိုစ လိုက်တော့
"Rosé အစုတ်ပလုတ်ကြီး ၊ ငါ့ကိုပြောနေလိုက်တာ ရစရာမရှိဘူး"
"Haha စတာပါဟာ စိတ်မဆိုးနဲ့"
"နင် ငါ့ကိုစာလုပ်ကူရမှာနော် Rosé"
"အေးပါ အိမ်လာခဲ့ တခုတော့ရှိတယ်
ဆရာမ Roséရဲ့ စကားကိုသေချာနားထောင်ရမယ်"
"အမယ် ဆရာမ Roséဆိုပဲ Haha"
"ပြောင်စပ်စပ်လုပ်မနေနဲ့ စာတပုဒ်လုပ် တနာရီအစားစားလုပ်နေမယ်ဆို ရိုက်ပစ်မယ် ကြားလား
လီပျင်း"
"Ya ဘာလီပျင်း လဲ ဘာနာမည်ကြီးမှန်းကိုမသိဘူး ခေါ်နဲ့"
"နင်စာလုပ်ဖို့ပျင်းရင်တော့ ခေါ်မှာပဲ"
ဒီလိုနဲ့ Lisaနဲ့ကျမ စကားစစ်ထိုးနေရင်းနဲ့ပဲ ကျောင်းမှအိမ်သို့ပြန်လာခဲ့သည်။
ESTÁS LEYENDO
In Another life I Would Be Your Girl
Romance-အချိန်တန်လျှင် မိဘသဘောတူသည့် သူနှင့်သာ လက်တွဲမည်၊မိဘစိတ်ချမ်းသာအောင်ထားမည်ဟု ဆုံးဖြတ်ထားသော သမီးအလိမ်မာလေး"Rosé"နှင့် -ထိုမိန်းကလေးကိုမှ ရူးရူးမူးမူးစွဲလန်းသွားသော "Hyeri" -Roséရဲ့အချစ်ဆုံးသူငယ်ချင်း Lisa ***သူတို့တွေ ဘယ်လို ဆက်ဖြစ်ကြမလဲ????*** Jen...