"ကဲ...ကလေးတို့ရေ ဒီနေ့သင်ခန်းစာကတော့
ဒီလောက်အထိပဲ ပေးလိုက်တဲ့ အိမ်စာတွေလုပ်ခဲ့ကြပါ။"
"နယ်"
Break Timeအချိန်မို့ ကျမတို့လဲ စာသင်ခန်းထဲမှထွက်ခွာပြီး စားနေကျမုန့်ဆိုင်လေးသို့လာခဲ့သည်။"Rosé မနေ့က နင့်အမ သူငယ်ချင်းက ချစ်စရာကောင်းတယ်နော်"
"အင်း"
"Rosé နင့်ကြည့်ရတာ အဲ့အမကို သဘောမကျသလိုပဲ"
"အဲ့လိုလဲမဟုတ်ပါဘူး ငါကလူတယောက်ကိုလွယ်လွယ်မခင်တတ်၊သဘောမကျတတ်တာ နင်လဲသိသားနဲ့"
ထိုအချိန် Lisaမှ ရုတ်တရက်...
"ဟဲ့ဟဲ့ Roséရေ ဟို လှေကားနားမှာ အနွေးထည်အနီရောင်၀တ်ထားတဲ့တယောက်ကိုတွေ့လား?"
"Lisaရယ်လန့်လိုက်တာ ဖြေးဖြေးပြောပါဟ၊အဲ့အနီရောင်နဲ့ တယောက်ကဘာဖြစ်လဲ"
"အဲ့တာကျောင်းသားအသစ်လေ"
"အော်"
"ချောတယ်မလား"
"ဒီလိုပါပဲ"
"Rosé နင် အဲ့လိုအေးစက်စက်ကြီးနဲ့မို့
ငါကလွဲပြီး ပေါင်းမယ့်သူမရှိတာ"
"Ya Lisa!!! ငါက သူငယ်ချင်းအများကြီးမထားချင်လို့ပါ"
"ဟားဟားး စတာပါ ရေခဲတုံးကြီးရယ်"ဟုဆိုကာ ကျမပုခုံးကိုရိုက်ကာ စပြီးပြေးသွားတဲ့ Lisa ...ကျမလဲ သူ့နောက်ကိုပြေးအလိုက် ... လှေကားနားမှ အနွေးထည်အနီရောင်နဲ့ ကောင်လေးကလဲ ဒီဘက်ကို ပြေးအလာမှာ ကျမတို့နှစ်ယောက်တိုက်မိပြီး သူ့လက်ထဲမှ အအေးတွေ ကျမအပေါ်မှောက်သွားပြီး ကျမကျောင်း၀တ်စုံတခုလုံး အအေးများ စိုရွဲသွားလေရဲ့။"Hrrr...သွားပါပြီ" ကျမလဲ ရုတ်တရက်အော်မိသွားတယ်။
ကျောင်းသားအသစ်ကလဲ "ကျတော် တောင်းပန်ပါတယ်၊ဘယ်လိုလုပ်ပေးရမလဲ မသိဘူး ပြန်သုတ်ပေးပါမယ်ဗျာ"ဟု သူကလဲ ပြာပြာသလဲတောင်းပန်ပြီး လက်ကိုင်ပုဝါကိုထုတ်ပြီး ကျမကိုပေးတော့
"မလိုပါဘူး ရတယ်"ဟု ကျမလဲ ဘုဆတ်ဆတ်ပြန်ပြောလိုက်သည်။
ထိုအချိန် Lisaက ကျမအနားရောက်လာပြီး
"Rosé အဆင်ပြေရဲ့လား၊ လာသန့်စင်ခန်းထဲသွားဆေးရအောင်"
"တောင်းပန်ပါတယ် ကျတော်ဘာလုပ်ပေးရမလဲ"
"ရပါတယ် မတော်တဆပဲ ထားလိုက်ပါ"ဟု Lisaက ပြောခဲ့ပြီး ကျမကို သန့်စင်ခန်းကိုသာခေါ်ခဲ့သည်။ပြန်၀တ်လို့အဆင်မပြေတော့သော ကျောင်း၀တ်စုံကိုချွတ်၍ အားကစားအကျီလဲပြီးသွားသောအခါ-
"Rosé Yaစိတ်မဆိုးပါနဲ့ဟာ ငါနင့်ကိုရိုက်ပြီးပြေးမိလို့ ခုလိုဖြစ်ကုန်တာ"
"မဆိုးပါဘူး နင်လုပ်တာလဲဟုတ်မှမဟုတ်တာ"
"စိတ်မဆိုးဘူးသာပြောတယ် နင့်မျက်နှာကြီးကလဲ ဆူပုတ်လို့"
"ဒီအတိုင်းပဲစိတ်မကြည်လို့ပါ Lisaရယ်"
"ဟဲ့ ဒါနဲ့လေ Rosé နင်နဲ့ဝင်တိုက်မိတာ ကျောင်းသားအသစ်နော် ရေစက်ထင်တယ် ဟီးဟီး"
"Lisa Ya!!!! နင် အဲ့လိုတွေပေါက်ကရတွေလျောက်ပြောမှ ငါစိတ်ဆိုးမှာနော်"ဟု ပြောလိုက်တော့မှ
"အေးပါဟာ မပြောတော့ဖူး လာအတန်းထဲပြန်ရအောင်"ဆိုပြီးသန့်စင်ခန်းမှထွက်ခဲ့သည်။ကျောင်းဆင်းလို့အိမ်အပြန်လမ်းတွင်
ကျမတို့နောက်သို့ ပြေးလိုက်လာသော လူတယောက်
"ဟေ့ ဟေ့ ခဏနေပါအုံး"
ကျမတို့လဲ ရုတ်တရက်ရပ်လိုက်ပြီး
"နေ့လည်က ဒီဘက်က တယောက်နဲ့တိုက်မိတာကျတော်ပါ၊ ကျတော်ကြောင့် ဖြစ်သွားတဲ့ကိစ္စမို့ ကျောင်း၀တ်စုံကို ပြန်ပြီး အလျော်ပေးချင်လို့ပါ"
"မလိုပါဘူး ရပါတယ်"ဟု ကျမငြင်းလိုက်တော့
"အဲ့တာဆို ကျတော်အကျီကို ပြန်လျှော်ပေးရမလားဗျ"
"ကျမ အဆင်ပြေတာမို့ ဘာမှလုပ်ပေးဖို့မလိုဘူးရှင့်"
"သဘောထားကြီးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ၊ကျတော့်နာမည်က ဂျွန်ဟို လို့ခေါ်ပါတယ်"
"ဟုတ်ကဲ့ ခွင့်ပြုပါအုံး"လို့ပြောပြီး ကျမနဲ့Lisaလဲ ထွက်လာခဲ့သည်။ကျောင်းရှေ့၌-
"ဂျွန်ဟို"
"Hyeri Nuna"
"ကျွန်တော်တို့ကျောင်းကို ဘယ်လိုရောက်လာတာလဲ"
"ကိုယ်မောင်လေး ကျောင်းအသစ်မှာ အဆင်ကောပြေရဲ့လားလို့ လာကြည့်တာလေ"
"ပြေပါတယ် Nunaရဲ့"
"သူငယ်ချင်းအသစ်တွေကော ရနေပြီလား"
"ဟုတ် နဲနဲပါးပါးတော့ ရပါပြီ"
"ကျောင်းမှာတယောက်ယောက်က အနိုင်ကျင့်ရင် Nunaကိုပြောနော်၊ Nuna လာဆုံးမပေးမယ်"
"Nunaရယ် ကျတော်အရင်လို ကလေးမှမဟုတ်တော့ဘဲ အနိုင်ကျင့်မခံပါဘူးစိတ်ချပါ"Hyeriနဲ့ ဂျွန်ဟိုက ငယ်ငယ်ထဲက အိမ်နီးနားချင်းတွေမို့ မောင်နှမအရင်းချာများတိုင်း ချစ်ခင်ကြတဲ့သူနှစ်ယောက်။
STAI LEGGENDO
In Another life I Would Be Your Girl
Storie d'amore-အချိန်တန်လျှင် မိဘသဘောတူသည့် သူနှင့်သာ လက်တွဲမည်၊မိဘစိတ်ချမ်းသာအောင်ထားမည်ဟု ဆုံးဖြတ်ထားသော သမီးအလိမ်မာလေး"Rosé"နှင့် -ထိုမိန်းကလေးကိုမှ ရူးရူးမူးမူးစွဲလန်းသွားသော "Hyeri" -Roséရဲ့အချစ်ဆုံးသူငယ်ချင်း Lisa ***သူတို့တွေ ဘယ်လို ဆက်ဖြစ်ကြမလဲ????*** Jen...